Unicode :
လူတစ်ယောက်ရဲ့ အမိန့်ဆန်ဆန်စကားသံအပြီးမှာ ဧည့်ခန်းတစ်ခုလုံး ငြိမ်သက်သွားသယောင်။သုံးယောက်သား တြိဂံပုံစံဖြင့်မျက်နှာစုံညီထိုင်နေပြီး တစ်ယောက်၏မျက်နှာမှာပြတ်သားစွာ။နောက်တစ်ယောက်က မချိတင်ကဲနှင့်။ကောင်လေးဖြစ်သူကတော့ ယုံဖို့ရန်ခက်ခဲနေသဖြင့် ထပြောလိုက်သည်။
"လာနောက်နေတာလား"
"စလိုက်နောက်လိုက် လုပ်ရအောင်မင်းနဲ့ငါက သူငယ်ချင်းလား"
"......"
"ပြောချင်တာက မင်းအနေနဲ့မကျေနပ်လို့ငြင်းဆန်မှာပဲဆိုတာတွေ..ငါ့ဘဝနဲ့ငါ လုပ်ချင်ရာလုပ်မှာပဲဆိုပြီး ဆန့်ကျင်တာတွေလုပ်ချင်ရင် ခုကတည်းကအဲ့အတွေးတွေကို ဖြုတ်ထုတ်ပြင်ဆင်လိုက်..ငါဖြစ်စေချင်တာက မင်းသူ့ကိုလက်ထပ်ရမယ် ဒါပဲ"
ထခုန်တော့မတက်ဖြစ်သွားတာကဝမ်းသာလွန်းလို့တော့ဖြစ်မည်မထင်။
"ဟားးးးတကယ်ကြီးတွေပြောနေတာလား"
ဘာတွေလဲကွာ။အဝေးမှာရောက်နေတဲ့ အဖေဖြစ်သူက ပြန်လာပြီးသားလုပ်သူကိုပေးအပ်လာတဲ့တာဝန်က ယောကျ်ားတစ်ယောက်နဲ့ လက်ထပ်ပေးဖို့အတွက်တဲ့။
သူအိမ်ပြန်ရောက်ကတည်းက မင်းအတွက်နဲ့ငါချက်ချင်းထပြန်လာခဲ့တာဟူ၍အစချီပြီးပြောလာလိုက်တာနားတွေရော ပါးတွေရောပါလည်ကုန်ပြီလားဆိုတာမသိတော့ပါဘူး။မယုံနိုင်လို့မေးတော့လည်း မင်းလက်ထပ်ကိုထပ်ရမည်ဟူသော အမိန့်ချည်းသာ။
"ဟာ!ဘာကြီးလဲ နောက်ပြီးဒီလောက်အမိန့်တွေအာဏာတွေသုံးရလောက်တဲ့အထိ ဘာတွေဖြစ်နေလို့လဲဆိုတာတော့ ကျွန်တော်မသိသင့်ဘူးလား"
ကျဲ ကတအံ့တဩမေးလာတော့ ဦးခန့်ညားဟန်ကလည်းပြတ်သားစွာဖြင့် ဝင်ရောက်ဖြေပေးလာသည်။
"မလိုဘူး! အဓိက,ကမင်းနာခံဖို့ပဲ"
"ဟားးး"
ဟားခနဲဖြစ်သွားပြန်သည်။ကျဲ မျက်နှာထက်ကရှုပ်ထွေးနေတဲ့အမူအယာတို့ကြောင့် ရှင်းပြဖို့လုပ်လိုက်ချင်ပေမဲ့ ပြောမှရှုပ်သွားမှာကိုလည်းစိုးရိမ်ရပြန်သေးသည်။