13

8.7K 499 46
                                    


Unicode :

"မင်းစည်းစိမ် မရှိတော့ပေမဲ့ သူ့ရဲ့ရှယ်ယာပိုင်ဆိုင်မှုအားလုံးကို ဖြုတ်ထုတ်ပြီးပဲဖြစ်ဖြစ်ပိုင်ဆိုင်မှုလွှဲပြောင်းပြီးပဲဖြစ်ဖြစ် တခြားတစ်ယောက်ကိုသူ့နေရာအစားထိုးလိုက်ဖို့ဘယ်လိုမှအဆင်မပြေပါဘူး"

ဒီစကားကြားရမယ်ဆိုတာသူသိသည်။S One ဆိုတဲ့အာမခံကုမ္ပဏီကြီးတစ်ဖြည်းဖြည်းနဲ့ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ ရတဲ့နေရာကနေဒါရိုက်တာဖြစ်ခွင့်အတွက်တိုးဝင်ဖို့ကြိုးစားသူတိုင်း ပြန်ရသည့်စကားကထိုစကားပဲ။

"ဒါဟာမင်းတစ်ယောက်တည်း ဒီလောက်ကြီးမားတဲ့ကုမ္ပဏီကိုလက်ဝါးကြီးအုပ်ဖို့ကြိုးစားနေတာနဲ့တူမနေဘူးလား မောင်စေညွှန် အန်ကယ်တို့ကလည်းသူ့နာမည်အောက်ကနေပဲ..."

"အန်ကယ်က မင်းစည်းစိမ်ရဲ့ဦးလေးဖြစ်နေတဲ့အတွက် ဒါရိုက်တာမိသားစုဝင်အနေနဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်ခွင့်ရချင်တာမှန်ပါတယ် ကျွန်တော့်အနေနဲ့ကလည်း သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့အတွက်ရပိုင်ခွင့်အကျိုးအမြတ်အားလုံးကိုတိတိကျကျခွဲပေးခဲ့ပါတယ် ဒါပေမဲ့ဒါကိုအသုံးချပြီး ရာထူးတစ်ခုပေးလိုက်ဖို့က ဆောရီးပါပဲအန်ကယ် ကျွန်တော်ခွင့်ပြုလို့မရပါဘူး"

"ဟ ဒါဆိုငါတို့ကမိသားစုဝင်အနေနဲ့ မင်းလုပ်နေတာက မှန်နေသလား မှားနေသလားဆန်းစစ်ဖို့တော့လိုတာပေါ့ကွ နောက်ပြီးတဖက်ကလည်းမင်းသိတဲ့အတိုင်း ရောဂါသည်ဆိုတော့ မင်းဟာကအရမ်းတစ်ဖက်သတ်ဆန်လွန်းသွားပြီလေ"

ဦးထွန်းမြတ်ကထိုသို့ပြောတော့ စေညွှန်ပြုံးလိုက်သည်။ဒီလိုတွေ တစ်နေ့မှာကြုံရမယ်ဆိုတာသိပေမဲ့ ခုတော့ရောက်လာပြီပေါ့။

"ပြောရမယ်ဆို တကယ်တော့ မင်းစည်းစိမ်ရဲ့ရှယ်ယာတွေအားလုံးကို ဘုတ်အဖွဲ့ကပယ်ချင်နေတာပါ ဒါဘာလို့လဲဆိုတာတော့ အန်ကယ်လည်းရိပ်မိမယ်ထင်ပါတယ် အချိန်အတော်ကြာ အလုပ်လုပ်မပေးနိုင်တဲ့သူရဲ့ရပိုင်ခွင့်တွေကို ဘယ်လိုဒါရိုက်တာတွေကကြည််ဖြူမှာလဲ ဒါပေမဲ့ တွဲဖက်Founder and CEOအဖြစ်ကျွန်တော်ကဆက်လက်ထားပေးဖို့အဆိုပြုတင်သွင်းထားတာပါ"

Husband LicenseOnde histórias criam vida. Descubra agora