Unicode :စေညွှန်နဲ့နောက်ဆုံးဖုန်းအဆက်အသွယ်ပြီးတဲ့နောက်မှာ ကျဲသူ့ရဲ့အဆက်အသွယ်သုံးပြီး စေညွှန့်ကိုအားချင်းလိုက်ရှာခဲ့သည်။ပါတီကိုဖုန်းဆက်တော့ ပြန်သွားတာကြာနေပြီတဲ့။ညကြီးအချိန်မတော် ပြေးလွှားစုံစမ်းနေချိန်မှာပဲ နံပါတ်စိမ်းမက်ဆေ့တစ်စောင်ဝင်လာခဲ့သည်။
ထို့နောက်ဓာတ်ပုံနှစ်ပုံ။တစ်ပုံကသတိမေ့မျောနေဟန်ရှိသည့် ထိုလူရဲ့ဓာတ်ပုံ။ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ကြိုးချည်ထားပြီး လူကခေါင်းငိုက်စိုက်ကျနေတာကို အတင်းကိုင်မော့ပြီး ရိုက်ထားတဲ့ပုံစံမျိုးဖြစ်သည်။နောက်တစ်ပုံက သူ့ကားထဲမှာအိပ်ပျော်သွားပြီဖြစ်တဲ့ကောင်းခြင်းရဲ့ဓာတ်ပုံ။ဘာလဲ။ဒီလိုပုံကိုတောင်ရိုက်နိုင်တဲ့ဆိုတော့ သူ့ရဲ့အနီးတဝိုက်မှာရှိနေတာမျိုးလား။ရင်ဘတ်ထဲမှာ ဒိန်းခနဲမြည်ဆောင့်သွားသည်။သူအကြောက်ဆုံးကဖြစ်လာခဲ့ပြီ။သူကြောင့်နဲ့...၊
"တင်! တင်!"
ဖုန်းဆီမှာအချက်ပေးသံနှစ်ချက်ဝင်လာတဲ့နောက်မှာ ကျဲချက်ချင်းကောက်ဖွင့်ဖတ်လိုက်သည်။
{လူတွေသိလေ ပိုကောင်းလေတော့ဖြစ်မှာမဟုတ်ဘူး...အဲ့ဒါကြောင့်...}
{သိချင်ရင်လာခဲ့...မင်းတစ်ယောက်တည်းနော်....}
ထို့နောက် နေရာတစ်ခုရဲ့တည်နေရာကိုပါ အသေးစိတ်ကိုပို့လာခဲ့သည်။ဘာလဲ။ဘာလို့လဲ။ဘယ်သူလဲ။နောက်ခံဘယ်လောက်ထိကြီးမားနေလို့ သူ့လိုလူကို ခုလိုခြိမ်းခြောက်ရဲရတာလဲဆိုတာကိုလည်း ခေါင်းကစဉ်ဆက်မပြတ်လက်လှမ်းမီသမျှတွေးနေမိသည်။ဒါပေမဲ့ သူစဉ်းစားလို့ရတဲ့လူလည်း သိပ်များများစားစားမရှိနေ။
"အန်ကယ့်ကိုအကူအညီတောင်းလိုက်ရင်ရော ဒါမှမဟုတ်ငါပါလိုက်ခဲ့မယ်လေ"
ထူးစကားကိုကျဲခေါင်းခါသည်။တခြားသူကိုအကူအညီမတောင်းမိဘဲနောက်ဆုံးတော့ သူစဉ်းစားမိတာ ကလေးကိုပါရမီထူးဆီကိုပို့ထားဖို့ပါပဲ။ဒယ်ဒီတို့ကိုတော့ သူစိတ်မပူစေချင်။တိတ်တိတ်လေးဖြေရှင်းလို့ရရင်တိတ်တိတ်လေးပဲဖြေရှင်းလိုက်မည်။မီဒီယာနဲ့ရဲတွေသိကုန်ပါက ပိုဆိုးသွားမည်။သူ့အတွက်ရော ထိုလူအတွက်ရောကောင်းတာဘာမှဖြစ်မလာနိုင်။နောက်ပြီး သေချာတာက သူတို့က အဲ့လူထက်သူ့ကိုပိုပြီး ဦးတည်ချက်ထား,ထားပုံပေါ်သည်။မဟုတ်ရင် သူ့ကိုခုလိုမျှားခေါ်ပါဦးမလား။သူပြောလိုက်တော့ ထူးကလည်း အတော်လေးကို စိတ်ပူသွားပြီး အတူလိုက်ခဲ့ပေးမည်ပြောနေသည်နှင့်...၊