Unicode :
တံခါးဖွင့်လိုက်ချင်းပင် ကြည့်လာတဲ့ ရန်လိုနေတဲ့သူ့မျက်ဝန်းတွေကြောင့် စေညွှန်အနည်းငယ်တော့ လန့်သွား၏။ကျဲကမက်တပ်ထရပ်ပြီးသူ့ဆီလှမ်းလျှောက်လာသည်။
မျက်နှာကလည်း တည်တံ့နေပြီး တစ်ခုခုကိုစစ်မေးတော့မည့်ဟန်ပြင်သည်။နံရံမှာချိတ်ထားတဲ့နာရီကိုစိုက်ခနဲကြည့်လိုက်ပြီး သူ့ဘက်ကိုလှည့်လာကာမေးဆက်၍...၊
"ဒါဘယ်အချိန်ရှိပြီလဲ"
နံရံကနာရီမှာညဆယ်နာရီပင်ခွဲနေပါပြီ။ဖုန်းဆက်တော့လည်းမရ။အလုပ်ဖုန်းကိုလှမ်းဆက်တော့ အလုပ်ဆင်းသွားတာကြာပြီတဲ့။
"မင်းနာရီမကြည့်တတ်ဘူးလား"
"ဘာပြောတယ်!"
ဒေါသတွေကပေါက်ကွဲထွက်တော့မလိုနဲ့ သူ့ရှေ့ရောက်လာပြီး ပုခုံးနှစ်ဖက်ကို ဆောင့်ကိုင်သည်။ပြန်ပြောလိုက်ဖို့ကြိုးစားမိရင်း နှုတ်ခမ်းလှုပ်သွားပေမဲ့ ကျဲဒေါသကို မီးမြှင့်ပေးမိရင် ပိုဆိုးသွားမည်စိုး၍ တိတ်နေလိုက်သည်။
"ခင်ဗျားဒီအချိန်ထိဘာလုပ်နေတာလဲ"
"ဘာကိုလဲ"
"မေးတာသာဖြေစမ်းပါ ပြန်ပြန်မေးရတာလည်း ဝါသနာပါပုံပဲ..ပြော! ခုမှဘယ်ကပြန်လာတာလဲ"
"မီတင်း"
"ဒါပဲလား"
"နောက်ပြီးအန်ကယ်တို့နဲ့ဆက်တွေ့တယ်"
"ဘာကိစ္စနဲ့လဲ"
"အလုပ်ကိစ္စပေါ့"
"ဘာအလုပ်ကိစ္စလဲ"
မေးမြန်းနေတာတစ်ခုနှင့်တစ်ခုမပြီးနိုင်။မသိရင်ကိုယ်ကအပြစ်တစ်ခုခုကိုပဲကျူးလွန်ထားခဲ့သလို။
အပြင်ကပြန်လာစလား ပြန်ထွက်မလို့လားမသိတဲ့ သူ့ပုံစံတို့ကတော့ ဘယ်ချိန်ကြည့်ကြည့်နုသစ်နေသည်။
ပြာခွက်ထဲမှ သောက်လက်စစီးကရက်က အငွေ့ပင်မသေသေး။ဆေးလိပ်ကိုလည်းဘယ်လိုနှုန်းတွေနဲ့ သောက်နေလဲတော့မသိ။ကြည့်လိုက်ရင်ဘယ်တော့မဆို လက်ကြားထဲမှာပြတ်သည်ကိုမရှိ။