21

10.7K 733 170
                                    


Unicode:

"ပတ်တီးမစီးချင်ဘူး"

"ဆရာဝန်ကိုဆရာမလုပ်နဲ့ ဒီဒဏ်ရာအနေအထားနဲ့ကို ပတ်တီးမစီးဘူးဆို ငါကဘယ်လိုလုပ်ပေးရမှာလဲ"

"မစီးဘူးဆိုမစီးဘူး နည်းနည်းပါးပါးပဲကိုင်ပေးလိုက်"

ကျဲကမဟုတ်ရင် သူ့ဆေးရုံကိုတောင်မလာပါ။ခုဟာက အဲ့လက်တစ်ဖက်ကဘာမှလုပ်လို့မရအောင် ဒဏ်ရာကနေ တအားကိုက်နေလို့တဲ့။

"နေပါဦး ဒီလောက်ကြီးဖြစ်တဲ့အထိမင်းကတံခါးညပ်တယ်ဆိုတော့ ဘာလုပ်လိုက်လို့လဲ"

"တံခါးညပ်ပါတယ်ဆိုတံခါးညပ်လို့ပေါ့ လျှာနှယ်ရှည်လိုက်တာ မိကျောင်းမသားရယ် လုပ်သာလုပ်စမ်းပါ"

နဂိုကပင် အသွေးဖြူတဲ့သူဆိုတော့ လက်မှာအစင်းရာကြီးက နီညိုရဲနေသည်။ထိုနေရာပတ်ဝန်းကျင်ကပါလိုက်ပြီး အညိုအမဲစွဲနေသည်။ပတ်ပတ်လည်နေရာကိုထူးကဆေးစည်းပေးလိုက်သည်။ပြီးတော့အကိုက်အခဲပျောက်ဆေးသောက်ခိုင်းလိုက်သည်။

"ငကျဲ"

"ဘာလဲ..."

"မင်းဒီကိုအဲ့ဒါလာပြတာပေါ့"

"ဟုတ်တယ်လေ"

မဖြစ်နိုင်။လုံးဝကိုမဖြစ်နိုင်။ဒီဒဏ်ရာနဲ့က တန်းခနဲသေမည့် အခြေအနေမဟုတ်နေ။သူ့လိုကောင်ဆိုပိုဆိုး ဆေးရုံဆေးခန်းဆိုရွံသလေးဘာလေးနဲ့။ဆိုတော့ သူ့မှာအကြောင်းတစ်ခုခုရှိကိုရှိနေတယ်။

"ပြောဘာလဲ"

ကျဲကဘာမှမပြောပေ။

"ဘာမှပြောစရာမရှိဘူးဆိုလည်းပြီးတာပါပဲ ရပြီ ပြန်ချင်ပြန်လို့ရပြီ"

ထိုအခါမှ တစ်လျှောက်လုံးပိတ်နေခဲ့တဲ့ ပါးစပ်က ဖွင့်ဟလာသည်။

"အဲ့လူနဲ့မနေ့ကတွေ့ခဲ့တယ်"

"ဘာ!မရီးနဲ့လား တကယ်လားတကယ် ပြန်တွေ့ပြီလား"

ပါးစပ်ကြီးကိုလက်ဝါးနဲ့ပိတ်တအံ့တဩနဲ့ ဝမ်းသာအားရမေးတဲ့ထူးမျက်နှာကြီးကိုကျဲကနားမလည်သလိုကြည့်ပြီး...၊

"ဘာကိစ္စနဲ့မင်းကဒီလောက်တောင် ဝမ်းသာနေရတာလဲ!"

ဟုတ်တယ်လေ။သူတောင်ဒီလောက်ကြီးမျက်နှာဖြဲမနေခဲ့ဘူးကို ထူးဆိုတဲ့ကောင်က လာပြီး မျက်လုံးပြူးမျက်ဆန်ပြူး။

Husband LicenseWhere stories live. Discover now