Episode 3

1.6K 197 61
                                    

Unicode~~

📱jin"hello"

" hello ရဲစခန်းကပါ"

Jinနည်းနည်းကြောင်သွားသည် ဒီအချိန်ကြီး ရဲစခန်းကဘာကိစ္စလဲ

Jin"ဟုတ်ကဲ့"

"Kim Taehyung barမှာရန်ဖြစ်ပြီး စခန်းရောက်နေလို့ အုပ်ထိန်းသူ အာမခံလာထုတ်ပေးရပါမယ်"

Jin"ဗျာ"

Kim taehyung ဆိုတဲ့နာမည်ကိုကြားဖူးနေသည် သေချာစဉ်းစားမိမှ မနက်က ဆိုင်မှပြသနာရှာသွားတဲ့ကောင်လေးပဲ။ ဒါနဲ့ ငါကဘယ်တုန်းကသူ့အုပ်ထိန်းသူဖြစ်သွားရတာလဲ!

Jin"ကျတော်က..."

Tae "jin မြန်မြန်လာနော် ကျနော်စောင့်နေမယ် ဒယ်ဘန်းရဲစခန်းကိုနော်"

Jin "ဟမ်..."

Tee tee teee

Jinဘာမှဖြေချိန်မရှိပါ တစ်ဘက်မှဖုန်းချသွားလေသည် jinသက်ပြင်းချလိုက်ပြီး မကူညီရင်လည်းမကောင်းပြန်တာမို့ သူ့ရဲ့အားနာတက်တဲ့စိတ်ကိုသာအပြစ်တင်မိသည်
ထမင်းဝိုင်းကိုမြန်မြန်ရှင်း၍ အခန်းထဲမှပိုက်ဆံနဲ့ အပေါ်ထပ်ယူကာ ခြံရှေ့ထွက်လာသည် ကားနဲ့သွားရင် ကားသံကြောင့်jungkookစိတ်အနှောင့်ယှက်ဖြစ်မှာဆိုး၍ taxi ဖြင့်သာသွားရန်ဆုံးဖြတ်လိုက်သည်

Jinခြံဝန်းမှတိတ်တိတ်လေးထွက်သွားသည်ကို အိမ်အပေါ်ထပ်ရှိကောင်လေးကမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်

Jk "သူက ဒီချိန်ကြီဘယ်သွားတာလဲဟ!"

><><><><

တစ်သက်နဲ့တစ်ကိုယ် ယောင်လို့တောင်မရောက်ဖူးတဲ့ ရဲစခန်းဆိုတဲ့အရာကို အခုနာမည်ကလွဲပြီးဘာမှမသိရတဲ့ကောင်လေးကြောင့်ရောက်လာခဲ့ပါပြီ
Jin စခန်းဝင်ချင်း တွေ့ပါပြီ အမယ် ဒင်းကသူ့အိမ်သူ့ယာလို ခြေချိတ်ကာထိုနေလေရဲ့ ရုပ်ကလည်းအပြစ်လုပ်ထားတဲ့ရုပ်မဟုတ် သူ့လုပ်စာထိုင်စားနေရတဲ့ရုပ်မျိုး
Jinအားမြင်တော့ သွား၃၂ချောင်းပေါ်အောင်ရယ်ပြကာ သူ့ဆီလာဟူ၍ခေါ်လေသည်

IMAGES 🍁Where stories live. Discover now