Episode 6

1.5K 191 53
                                    

Unicode ~~

မနက်ခင်းရဲ့အစ ကျေးငှက်များ၏စူးရှသောအော်သံကြောင့် seokjin အိပ်ရာမှနိုးထလာခဲ့ မျက်လုံးစုံအားဖွင့်လိုက်တော့ သူ့မျက်စိရှေ့တည့်တည့်၌မြင်နေရသော ချစ်ရသူ၏မျက်နှာလေး
သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေပြီး အကွာအဝေးကလည်း လက်တစ်ထွာလောက်သာကွာသည်
ခါးဘက်အပိုင်းကလည်း တင်းကြပ်စွာခံစားရသည်ကိုသတိထားမိသည် အကြောင်းက jungkook က သူ့ကိုဖက်ထားခြင်းပင်
ဖက်လုံးတစ်လုံးလို သူ့ကိုယ်လေးအား တင်းကြပ်စွာဖက်ထားသည်
နိုးနိုးချင်း ပထမဆုံး အချစ်ကိုမြင်ရတဲ့မနက်ခင်းလောက်ဘယ်အရာမှမလှ
အခုချိန် သူရင်မခုန်ဘူးပြောရင် လိမ်ရာကြနေမည်

Jin *အမေ!! ငါရူးတော့မှာပဲ*

အိပ်နေသော jungkook ၏နှာခေါင်းလုံးလုံးလေးအား လက်ညိုးကောက်ကောက်လေးဖြင့် ဖွဖွလေးထိကာ ပြုံးလိုက်သည်

Jin *jungkook က ငါ့ကို အချစ်ရူးဖြစ်အောင်လုပ်နေတာပဲ
မင်းသိလား? မင်းအိပ်နေတဲ့အချိန်က ချစ်စရာအကောင်းဆုံးပဲ*

အိပ်မောကြနေတဲ့ ကောင်လေးအား ၅မိနစ်လောက်စိုက်ကြည့်ကာ ရေချိုးသွားရန် သူ့ကိုယ်ပေါ်ဖိထားတဲ့ လက်ကြီးအား အသာလေးမသည်

Jin *တော်တော်လေးတာပဲ တော်သေးတယ်လက်ဖြစ်နေလို့*

Jungkook ထံမှလွတ်မြောက်ရန် သူ့ကိုယ်အစား ဖက်လုံးတစ်လုံးအား ခွထားစေလိုက်သည် ထိုနောက် ရေချိုးရန် ရေချိုးခန်းအတွင်းသို့ဝင်သည်

Jin *jungkookမှာ သွားတိုက်တံ ၁ခုပဲရှိတာ ငါဘယ်လိုလုပ်ရမလဲ အပြင်ထွက်ယူရင်လည်း အဖိုးနဲ့တွေ့ရင်ဖြေရခက်မယ် ရှုပ်ပါတယ် ဒါနဲ့ပဲတိုက်လိုက်မယ် jungkook နိုးလာမှမသစ်ပေးလိုက်တော့မယ်*

သွားတိုက်တံ အပြာလေးအားကိုင်ကာ တစ်ယောက်ထဲစကားပြောနေသည်
သွားတိုက်ပြီး Bath tubထဲတွင် ရေစိမ်နေစဉ် အခန်းတံခါးအား ခေါက်သံကြားလိုက်သည် jungkook နိုးပြီထင်ပါရဲ့

Jin "Jungkook လား"

Jk "အွန်း ပြီးသေးဘူးလား"

IMAGES 🍁Where stories live. Discover now