Unicode ~~
ဒီနေ့seokjin ၏မနက်ခင်းအစက ပုံမှန်လို့ alarm သံကြောင့်နိုးလာခြင်းမဟုတ်ဘဲ အဆက်မပျက်ဝင်နေသောphone notifications သံများကြောင့် နိုးလာသည်
ဖုန်း ယူကြည့်လိုက်တော့ ig followerက အရင်က ၁၀၀ကျော် ယခု ၂၀၀၀ကျော်ဖြစ်နေသလို messageတွေကလည်း အများကြီးဝင်နေသည်
"Jungkook အနားကထွက်သွား"
"Jungkook က တို့မမ နဲ့မှလိုက်ဖက်တာ"
"အစထဲကထင်သားပဲ ဒါပေမယ့်ကြိုက်တယ်နော် အားပေးနေမယ်"
Seokjin ဖတ်သာဖတ်လိုက်ရသည် ထို ms များ၏ဆိုလိုရင်းကိုသေချာမသိ emailမှာ linkတစ်ခုကိုဝင်ကြည့်လိုက်တော့
Jungkook is already married to a boy ဆိုသော ခေါင်းစဉ်ဖြင့် သူနဲ့jungkook လက်ထပ်ပွဲကပုံများပါဝင်သလို မနေ့က Yu Somiနှင့်ရန်ဖြစ်နေသောပုံများလည်းပါသည်
"Jungkook က gayမဟုတ်ပါဘူးဆိုပြီး interview တစ်ခုမှာပြောဖူးတယ်မလား သူလိမ်တာလား"
"ဒီတစ်ခါက rumors မဟုတ်ဘူး အတည်ဟㅠㅠ"
"အားး အဲ့လူကိုမုန်းတယ်"
"Kim Seokjin ဆိုတဲ့လူသာမရှိရင် တို့မမsomiနဲ့ညားနေလောက်ပြီ"
"ပေါက်ကရတွေနော်seunghwarနဲ့ကမှလိုက်ဖက်တာ"Seokjin သူ့အားတိုက်ခိုက်နေသော comments များတွေးပါသော်လဲ သူ့စိုးရိမ်စိတ်က jungkook ဆီမှာပင်
Jungkook က သူများတွေမသိစေချင်လို့တောင် သူဖုံးကွယ်ထားတာမလား အခုလိုတစ်နိုင်ငံလုံးသိသွားတော့ သူအဆင်မှပြေပါ့မလာ?
စိုးရိမ်စိတ်များနှင့်အတူ jungkook ၏အခန်းရှိရာသို့ထွက်လာခဲ့သည် သို့သော်အခန်းထဲတွင် jungkook ရှိမနေပေ
သူဘယ်သွားတာလဲ? ဒီအချိန်သူအိပ်ယာနိုးနေကြမဟုတ်ပါဘူး!!
အတွေးများနှင့်အတူ အခန်းရှိရာသို့ပြန်လာစဉ် အိမ်အောက်ထပ်မှ စကားပြောသံကြားတာကြောင့် jungkook များလားဟုတွေးကာ ပြေးဆင်းသွားသည်
YOU ARE READING
IMAGES 🍁
Fanfictionကိုယ့် ဆီမှာ ရှိနေတုန်း က တန်ဖိုးမထားဘဲ သူများ ဆီ ရောက်သွားမှ ပြန် လို ချင် နေ လို့ မရဘူးလေ...!! Start _16 Sep 2022 End_20 March 2023 🍁