Unicode~~
Jin "အဖိုး!!"
အဖိုးဆိုသည့်ခေါ်သံနှင့် အခန်းတွင်းအပြေးလွှားဝင်လာခဲ့သည့် seokjin
ကုတင်ပေါ်ရှိအဖိုးဘေးနားသွားကာ အဖိုးကိုစိတ်ပူပြီးမေးခွန်းများတရက်စက်မေးနေပြန်သည်Jin "အဖိုး ဘယ်လိုနေသေးလဲဟင် ကျန်းမာရေးဂရုစိုက်ပါဆို အခုရော ဘယ်နားကဘာဖြစ်သေးလဲ အသက်ရှူကျပ်သေးလား"
"အဖိုးကိုဖြေခွင့်ပေးပါအုံး အဖိုးဘာမှမဖြစ်တော့ဘူး Jinလေးကိုလွမ်းလို့သာခေါ်လိုက်တာ ဘာမှကြီးကြီးကျယ်ကျယ်မဖြစ်ဘူး"
Jin "တော်ပါသေးရဲ့ ကျွန်တော်စိတ်ပူနေတာ"
"Jinလေး အခုတစ်ယောက်ထဲလာတာလား"
Jin " မဟုတ်ဘူးအဖိုး Kim taehyungဆိုတဲ့ကောင်လေးနဲ့"
"သူက?"
Jin "Jin အခုတလောစာပြပေးနေတဲ့ကလေးပါ လက်ရှိသူ့အိမ်မှာပဲJinနေနေတာ"
"ဟိုအမိုက်ကောင်ကို စိတ်ဆိုးနေတာလား Jin လေး အရင်လိုပြန်ဖြစ်ပေးလို့ရမလား"
Jin ဘက်ကတိတ်ဆိတ်သွားသည် ..
စိတ်ဆိုးနေတာလားဆိုတော့လဲ မဟုတ်ရပါ။ jungkook ကိုစိတ်ဆိုးစရာ ဘာအကြောင်းမှမရှိပါဘူး ပြန်အဆင်ပြေဖို့ဆိုတာလဲမဖြစ်နိုင်ဘူး အစထဲက မနီးဆက်သင်တဲ့ ဆက်ဆံရေးမို့ထင်ပါရဲ့...
Jin "ကျွန်တော်နဲ့ သူနဲ့က မလိုက်ဖက်ပါဘူး အဖိုး အဖိုးကိုကျေးဇူးကန်းသလိုဖြစ်မိရင်လဲတောင်းပန်ပါတယ်
Jungkook နဲ့အရင်လိုပြန်မနေပေးနိုင်ပါဘူး"ကျွန်တော်ပြတ်ပြတ်သားသားပြောလိုက်သည်။ ဟုတ်သည် ကျွန်တော်ပြတ်သားမှရမည် တစ်ခြားမိန်းကလေးအတွက် အဲ့မိန်းကလေးရဲ့အရှက်အတွက် ကျွန်တော်ပြတ်သားရမည်။
အဖိုးကမျက်နှာမကောင်း အဖိုးလိုပင် တိတ်ဆိတ်စွာရပ်နေသော jiminနှင့် yoongi hyungသည်လည်းမျက်နှာမကောင်းကြပေ
အားလုံးစိတ်မကောင်းဖြစ်မှာသိပေမယ့် အရင်လိုပြန်မဖြစ်နိုင်တော့ပါဘူး..
YOU ARE READING
IMAGES 🍁
Fanfictionကိုယ့် ဆီမှာ ရှိနေတုန်း က တန်ဖိုးမထားဘဲ သူများ ဆီ ရောက်သွားမှ ပြန် လို ချင် နေ လို့ မရဘူးလေ...!! Start _16 Sep 2022 End_20 March 2023 🍁