Episode 16

1.5K 195 52
                                    

Unicode ~~

Seokjin ထံသို့ ဖုန်းစိမ်းတစ်ခုဝင်လာခဲ့သည် seokjin အားဖုန်းဆက်သော လူကြီးတစ်ယောက်မှ တွေ့ချင်သည်ဆိုသောကြောင် ထိုလူချိန်းသောဆိုင်သို့ထွက်လာခဲ့သည်

Seokjin လာသာလာရပေမယ့် အခုထိသူ့အားချိန်းဆိုသောလူကမည်သူမှန်း ဂဂနန မသိချေ

ထိုလူချိန်း သို့ရောက်လာချေပြီ ဘယ်သူမှန်းမသိ ဘယ်နေရာရှိနေမှန်းလဲမသိ စကားပြောတော့အသံအရ အက်ကြီးပြီဖြစ်သောလူကြီး ဖြစ်နိုင်လောက်သည်

Seokjin လိုက်ရှာနေစဉ် ဆိုင်လေး၏ထောင့်တစ်နေရာမှ အညိုရောင်ကုတ်အကျီဝတ်ဆင်ထားသော ခန့်ခန့်ချောချော ၄၀ကျော်ခန့်ရှိသည့်လူကြီးမှ သူ့အားလက်ပြနေသည်
ဖုန်းဆက်သည့်လူက ထိုလူဖြစ်နိုင်သည်

Jin "ဦးလေး! ကျွန်တော့်ကိုဖုန်းခေါ်တဲ့လူလားမသိဘူး"

"ဟုတ်တယ်ကွယ်"

Seokjin ထိုလူကြီး၏ရှေ့တွင်ဝင်ထိုင်လိုက်သည်

Jin "ဘယ်သူ....လဲမသိဘူး"

"ဦးလေးနာမည်က Kim Wonbaeပါ Kim Taehyungရဲ့ အဖေပါ"

Jin "အော်! ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ပထမဆုံးတွေ့ဆုံခြင်းပါ ကျွန်တော်က Kim Seokjin လို့ခေါ်ပါတယ်"

Seokjin ဦးလေးအား 90* ကိုယ်ကို ကိုင်းကာ နှုတ်ဆက်လိုက်သည်

"လူယဉ်ကျေးလေးပဲ သားနာမည်ကို ဦးလေးသိနေတာကြာပါပြီ သားtaehyungကို စာသင်ပေးတာမလား"

Jin "ဟုတ်.. ဟုတ်ပါတယ် ဦးလေး"

"အဖေလို့ပဲခေါ်ပါ"

Jin "ဟုတ် အဖေ"

"သားလေးက ဒီကသားသင်ကြားပေးလို့ထင်ပါရဲ့
အခုလိမ္မာလာပြီ barတွေclub တွေမသွားတော့ဘူး အရက်တောင်သောက်တာမမြင်ဘူး စာလဲသေချာလုပ်တယ် ရန်ဖြစ်တာလဲမတွေ့ဘူး ဒီကသားလေးကြောင့် အကုန်ပြောင်းလဲနေတာ"

Jin "အဲ့လောက်လဲမဟုတ်ပါဘူး အဖေကလည်း... ဒါနဲ့ခလ ကျွန်တော့်ကိုတွေ့ချင်တာဘာကိစ္စလဲမသိဘူး"

IMAGES 🍁Where stories live. Discover now