Unicode ~~
Flash back ~~
ကျတော် အသက်၅နှစ်အရွယ်မှာ အဖိုးက အကိုတစ်ယောက်ကိုမွေးစားလိုက်တယ် သူ့နာမည်က Kim Seokjin တဲ့
ကျတော့်အပေါ်အလိုလိုက်သလို ကျွန်တော်ဆိုးသမျှခံတဲ့အကိုပေါ့ ကျွန်တော်ကလည်း သူ့ကိုသိပ်ကပ်တွယ်ထာ ရေချိုးတာ ထမင်းစားတာ အကုန်သူလုပ်ပေးမှ နောင်ဆုံးညအိပ်ရာဝင်ရင်တောင် ပုံပြင်ပြောခိုင်းပြီး ကျွန်တော်အိပ်မှအခန်းပြန်ခိုင်းတာမျိုးငယ်ငယ်ကတော့ အရမ်းအလိုလိုက်တဲ့အကိုအပေါ် သံယောဇဉ်တွယ်မိတယ်ထင်တာ
ကျွန်တော် အထက်တန်း အကိုက ဒုတိယနှစ်မှာ အကိုဆီမှာသူငယ်ချင်းဆိုသူရောက်လာတယ်လေ အရပ်မြင့်မြင့် ဗလကြီးကြီး မိန်းကလေးတိုင်းပစ်ကြွေတဲ့ရုပ်နဲ့ နာမည်က Kim namjoonတဲ့
အဲ့လူက အကို့ကိုဆို ထိကပါးရိကပါးနဲ့ စကားပြောရင်လည်းမထိတထိ အကိုကလည်း အလိုက်သင့်နေတယ်ဆိုတော့ စိတ်ထဲမှာမကြေနပ်
အဲ့လူကြောင့်အကိုကျွန်တော့်ကိုပေးတဲ့အချိန်တွေလျှော့လာတယ်
အဲ့လူနဲ့စာကြည့်တိုက်သွားမှာမလို့ စာအတူကျက်ဖို့ချိန်းထားလို့ အဲ့လူနဲ့အပြင်သွားစရာရှိလို့ အစသဖြင့် ဆင်ခြေတွေများလာတယ်အဲ့အချိန်ထဲက ကျွန်တော်ကိုယ်ကျွန်တော် သတိထားမိတယ်
ကျွန်တော်ဘာလို့ အကိုနဲ့အဲ့လူ အတူရှိရင်မကြိုက်ရတာလဲ အဲ့လူမှမဟုတ် ကျွန်တော့်မွေးစားအကိုyoongi hyung ရော ကျန်တဲ့လူတွေဘယ်သူ့ပိုမဆို အကိုနားရှိနေရင်မကြိုက်ဘူး အကိုသူတို့ကိုပြုံးပြနေရင်မကြိုက်ဘူး အကို့ရဲ့စကားသံချိုချိုလေးတွေ သူတို့ကြားရင်မကြိုက်ဘူး ကုန်ကုန်ပြောရင် အကို့ကို ၁စက္ကန့်ကြည့်တာတောင်မကြိုက်ဘူးအဲ့တာဘာကြောင့်လဲ?? Mingyu (jungkook သူငယ်ချင်း) ကသူ့ကောင်မလေးကို သဝန်တိုသလိုပုံမျိုး ကျတော်ဖြစ်နေတာဘာကြောင့်လဲ ? အကို့ကိုကြိုက်နေတာလား! အဲ့တော့ ကျွန်တော်က gayလား??
ကျွန်တော် ကိုယ့်ကိုယ်ကိုစမ်းသက်ဖို့ ရင်းနီးတဲ့စီနီယာအမတစ်ယောက်ကို ချစ်ရေးဆိုခဲ့တယ် အမကလည်းလက်ခံလိုက်တယ် ဒါပေမယ် ကျွန်တော်မပျော်ဘူး ဒါဆိုတစ်ကယ်ပဲကျွန်တော်ကgayလား !!
YOU ARE READING
IMAGES 🍁
Fanfictionကိုယ့် ဆီမှာ ရှိနေတုန်း က တန်ဖိုးမထားဘဲ သူများ ဆီ ရောက်သွားမှ ပြန် လို ချင် နေ လို့ မရဘူးလေ...!! Start _16 Sep 2022 End_20 March 2023 🍁