Unicode
Seokjin ဆိုင်ကပြန်တော့ အိမ်မှာတိတ်ဆိတ်နေသည်
Voo ရဲ့ ဆိုင်ကယ်ကြီးလဲရှိသည်
အခုမှအဆင်ပြေခါစလေးကို အိမ်မှာဘာဖြစ်နေတာလဲ ပြသနာကြီးတော့မဟုတ်ပါစေနဲ့"Jinလေး လာပါအုံး appaပြောစရာရှိလို့
vooတို့ သားမိသားဖ စုံစုံလင်လင် ဧည်ခန်းထဲတွင်ရှိနေကြသည် အရေးကြီးတာတစ်ခုခုများပြောနေကြတာလားမသိ
မိသားစုကိစ္စဆိုတော့လဲ seokjinဝင်မပါချင်တာနဲ့ ကိုယ့်အခန်းကိုယ်သွားရန်ဆုံးဖြတ်လိုက်သည်
ဧည့်ခန်းအားကျောခိုင်းစဉ် appaရဲ့ခေါ်သံကြောင့် ခြေလှမ်းများတစ်ဖန်ဧည့်ခန်းသို့ရွေ့လျားသွားသည်Jin "ဟုတ်ကဲ့"
"appaတို့ Taehyung ကို UK မှာကျောင်းဆက်တက်ဖို့စီစဉ်ထားတယ်"
Jin "ဟုတ်လားဗျ ဒါကောင်းတာပေါ့"
"ကောင်းပေမယ့် ဒီကောင်ကထဖောက်တယ်လေ Jin လေးမပါရင်ဘယ်မှမသွားဘူးတဲ့"
Jin "ဟင် ဘယ်ရမလဲ voo တိုးတက်ဖို့ပဲဟာ"
Tae "Jin မပါရင် ဘယ်နေရာမှ တိုးပြီးမတက်ဘူး"
ဟော.. ခတ်ပါ့ voo ဟာလေ အရင်လိုမဆိုးတော့လို့ရင့်ကျက်ပြီထင်ခဲ့တာ အခုထိ မရင့်ကျက်သေးကို
"သားJin ပါလိုက်သွားလေ"
Taehyung ommaရဲ့ စကားကြောင့် appaနဲ့ taehyung တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်
Jinကတော့ကြောင်နေပြီး သူဘာပြောရမလဲစဉ်းစားနေသည်"ကောင်းသားပဲ"
"သားJin သဘောကရော"
Jin "ဟို.. ကျွန်တော်..."
Tae "လိုက်မယ်တဲ့မလား"
Jin "ဟမ်.. နေပါအုံး"
Tae "မနေနဲ့ ၂နှစ်ပဲသွားမှာ လိုက်ခဲ့"
"ဟုတ်သားပဲသားရယ် နေရာအသစ်ဆိုတော့ သားလဲစိတ်ပြောင်းလဲဖြစ်တာပေါ့ ပြီးတော့ taehyungလဲအဖော်ရတယ်လေ နော်"
YOU ARE READING
IMAGES 🍁
Fanfictionကိုယ့် ဆီမှာ ရှိနေတုန်း က တန်ဖိုးမထားဘဲ သူများ ဆီ ရောက်သွားမှ ပြန် လို ချင် နေ လို့ မရဘူးလေ...!! Start _16 Sep 2022 End_20 March 2023 🍁