Episode 4

1.6K 210 52
                                    

Unicode ~~

နှိုးဆက်သံ စူးစူးတစ်ခုက jungkook နားထဲဝင်လာတာမလို့ jungkook အိပ်စက်ခြင်းမှနိုးထလာသည်
ဘယ်သူကနှိုးစက်ပေးခဲ့တာလဲသိနေတာမလို့ ထွေထွေထူးထူးစဉ်းစားမနေဘဲ နှိုးစက်ကိုပိတ်ပြီး ရေချိုးရန် ရေချိုးခန်းသို့ဝင်သွားသည်
အဆင်သင့်ချထားသော သွားတိုင်တံအားယူကာ တိုက်လိုက်သည်
ရေချိုးပြီး အဆင်သင့်ချိတ်ထားသော သပတ်ကိုပတ်ပြီး အပြင်ထွက်လာတော့လည်း အဆင်သင့်ထားပေး ထားသော အင်္ကျီကိုပဲယူဝတ်လိုက်
အဲ့လို့ jungkook တို့ဘဝကသိပ်လွယ်တာ အရာအားလုံးကအဆင်သင့်တွေပဲလေ

အောက်ထပ်ကို လေချွန်ကာဆင်းလာ၍ မီးဖိုခန်းတွင်းက ဟင်းပွဲများကို သွားကြည့်သည်
မစားပဲ ဟန်းဖုန်းဖြင့် ပုံရိုက်ကာ အမည်ဖော်မရသော အပြုံးဖြင့် မီးဖိုခန်းမှထွက်သွားပြန်သည်
Shooting တွက်လိုအပ်သည်များနှင့်ကားသော့အားယူကာ ကြောမော့စွာပင် အိမ်ကထွက်ခွါသည်

Jungkook ယနေ့ ရိုက်မည့် ရိုက်ကွင်းအိမ်သို့အရောက် အရှေ့အပေါက်ဝ၌ သတင်းထောက်များစုပြုံနေသည်ကိုမြင်မိသည်  ဘာကိစ္စမှန်းမသိပေမယ် သူ့ထွက်သွားလို့ကမဖြစ်ပေ တစ်ခြားဘယ်အပေါက်ကဝင်ရမလဲဆိုတာလဲသူမသိ ထိုကြောင့် yeonjunကိုသာ ဖုန်းဆက်လိုက်သည်

📱jk "yeonjun ah!"

Yj "hyung! ရောက်ပြီလား ကားပေါ်ကမဆင်းနဲ့နော် ကျနော်လာခေါ်မယ်!"

Tee teee te~~~

Yeonjun ကိုဘာမှတောင်မပြောလိုက်ရပါ yeonjun ကသူပြောမှာကိုသိနေသလိုပင် ခနအကြာ ကားထဲသို့ခိုးကြောင်ခိုးဝှက်ဝင်လာသည်

Yj "hyung!"

Jk "အဲ့လူတွေကဘာတွေလဲ"

Yj "သတင်းထောက်တွေ"

Jk "မင်းပြောမှလား! ဘာလာလုပ်တာလဲမေးတာ"

Yj "hyung ကြောင့်လေ"

Jk "ဟမ်! ငါ့ကြောင့်?"

Jungkook နားမလည်သောအကြည့်ဖြင့် yeonjun အားကြည့်လိုက်သည် တစ်ကယ်လည်း သူနားမလည်ပေ

IMAGES 🍁Where stories live. Discover now