Episode 13

1.5K 195 72
                                    

Unicode ~~

အခန်းတံခါးခေါက်သံကြားတာကြောင့် jungkook ရေးလက်စ စာကိုဖြတ်ကာ တံခါးဖွင့်ပေးလိုက်သည်
တံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရသောချစ်ရသူလေး

တစ်ချက်ကြည့်လိုက်၍ တံခါးပြန်ပိတ်မည်အလုပ်တွင် သူလေးက ခြေထောက်ဖြင်တံခါးကိုခံထားသည် ဆွဲပိတ်ရင်ရသော်လည်း သူလေးနာမည်ကိုစိုးရိမ်၍ မပိတ်ဘဲ 'ဘာလဲ' ဟု ဂျွတ်ဆက်ဆက်ဖြင့်ဖြေမိသည်

Jin "Jungkook.. hyung ကိုရှောင်နေတာလား"

ဟုတ်ပါတယ် ကျောင်းမှာဟိုကိစ္စဖြစ်ပြီးထဲက အကိုနဲ့လည်းမျက်နှာချင်းမဆိုင်တော့သလို ကျောင်းကိုလည်းအပို့အကြိုမလုပ်ခိုင်းတော့ပါ
ဖြစ်နိုင်ရင်အလုပ်ပါပြောင်းစေချင်ပေမယ် အကိုကဘာကြောင့်လဲဆို ကျွန်တော်ဘယ်လိုဖြေရမလဲ
အကိုကို့မပြောချင်ဘူး အကိုကို့မသိစေချင်ဘူး အကိုမသိတာပဲကောင်းပါတယ်

Jin "Jungkook! hyung မေးတာဖြေအုံးလေ ပြသနာတစ်ခုခုရှိလို့လား"

Jk "မရှိဘူး"

လိမ်မိပြီ အကိုကလိမ်တာမကြိုက်ဘူးလေ!
ငယ်ငယ်ထဲက အကို့ကို တစ်ခါမှလိမ်မပြောဘူးတဲ့
ကျွန်တော် အခုလိမ်ပြောမိပြီအကို

Jin "မရှိရင် ဘာလို့hyung ကိုရှောင်နေတာလဲ"

Jk "ဒါပြောမလို့လား ထွေထွေထူးထူးမရှိရင် သွားတော့ စာလုပ်ရမှာမလို့"

Jin "နေအုံး.. အဖိုးခေါ်ခိုင်းလို့"

Jk "အင်း လိုက်ခဲ့မယ်"

အကိုက ခေါင်းငြိမ့်ပြကာ ရှေ့ကနေအရင်သွားသည် ကျွန်တော်ကအကိုနောက်ကလိုက်ခဲ့ပြီး အဖိုးရဲ့အလုပ်ခန်းဆီသို့

Jin "အဖိုး"

"ထိုင်ကြ"

၂ယောက်လုံး အဖိုးနှင့်မျက်နှာချင်းဆိုင် sofaတွင်ဝင်ထိုင်လိုက်ကြသည်

"အဖိုးပြမလို့ ဒီမှာလေ ... ဘယ် designလုပ်ချင်လဲ"

အဖိုးပြသော laptop ထဲမှ မင်္ဂလာခန်းမပုံစံမျိုးစုံကိုကြည့်ပြီး အကိုကပျော်နေသည်

IMAGES 🍁Where stories live. Discover now