Unicode ~~
Jin "မောင်ဘာပြောတယ်.."
Jk "မောင် စကားကို 2ခါမပြောဘူး"
Jin "နေအုံးမောင် မောင်ကငါ့ကိုချစ်တယ်လား ဟင်!
မောင် ငါ့ကိုချစ်တယ်လား?"ငါမယုံနိုင်ဘူးမောင်! မောင်သိလား
မောင်ငါ့ကိုပစ်ထားတဲ့နေ့တွေ မောင်ငါ့ကိုလစ်လျူရှုထားတဲ့အချိန်တွေ ငါသည်းခံခဲ့တယ်
ဒီစကားကိုကြားချင်ခဲ့လို့
နောက်ဆုံး.... နောက်ဆုံးတော့ မောင်က ငါ့ကိုချစ်တယ်တဲ့
ဒါအိပ်မက်ဆိုရင်တောင် ငါပြန်မနှိုးထချင်ဘူး မောင်Jk "မောင့်အသက်ကို မောင်ချစ်တယ်"
Jinမျက်ဝန်းအား သေချာစိုက်ကြည့်ပြီး ပြောသည့် jungkook ၏စကားများအဆုံး jin မျက်ဝန်း၌အရည်ကြည်လေးများထွက်ပေါ်လာ၏
Jk "ဘာလို့ငိုနေတာလဲ"
Jin "မောင်က ချစ်တယ်ဆိုလို့"
Jk "ဟား ဟား ဒါငိုစရာလား"
Jin၏ မျက်နှာနုနုပေါ်ရှိ စီးကျနေသော အရည်ကြည်ငယ်အား လက်မဖြင့် ဖွဖွလေးသုတ်ကာ jinမျက်နှာအား အုပ်ကိုင်ထားကာ မျက်ဝန်းလှလှအားစိုက်ကြည့်နေမိသည်
မောင့်အသက်ကို မောင်ဖွင့်မပြောဘူးလုပ်ထားတာ
မောင်အစက လုပ်ခဲ့တာတွေအကုန်... အကုန်လုံးက
မောင့်အသက် မောင့်ကိုမုန်းအောင် မောင့်အနားမှာမနေအောင် ဘာကြောင့်ဆို မောင် မင်းအနားမရှိမှ မင်းကိုပတ်ဝန်းကျင်က လူရာသွင်းမယ်ထင်ခဲ့တာမောင်မှားတယ် မောင်အစထဲက မင်းလက်ကိုတွဲပြီး ဘယ်အရာမဆို သတ္တိရှိရှိရင်ဆိုင်လိုက်ရင် မောင်တို့ဒီလောက်ဝေးမနေရဘူး
မောင် သတ္တိမရှိခဲ့ဘူး အဲ့အတွက်လဲတောင်းပန်ပါတယ်လွန်ခဲ့တဲ့၃နှစ်က မောင်တို့ဝေးနေရင်ကောင်းမယ်တွေးမိပေမယ့် အခုတော့ မောင့်အနားကနေထွက်မသွားပါနဲ့
ဖြစ်လာသမျှ မင်းကို မောင်ကာကွယ်မယ်
မောင်တို့ ဘယ်တော့မှမဝေးဘူး မောင့်အသက်
YOU ARE READING
IMAGES 🍁
Fanfictionကိုယ့် ဆီမှာ ရှိနေတုန်း က တန်ဖိုးမထားဘဲ သူများ ဆီ ရောက်သွားမှ ပြန် လို ချင် နေ လို့ မရဘူးလေ...!! Start _16 Sep 2022 End_20 March 2023 🍁