Unicode ~~
Tae "jin ခနစောင့်နော် ကျွန်တော့် jin လဲဖို့အဝတ်ယူလာပေးမယ်"
Jin "အင်း"
Jinက sofaပေါ် အသက်မပါသလိုထိုင်ကာ မှိုင်နေတော့သည် jinပြောပြပုံအရ jeon Jungkook နဲ့ဟို သရုပ်ဆောင်မင်းသမီး ဇာတ်လမ်းကို အနည်းကျဉ်းတော့သိလိုက်ရသည်
ကျွန်တော်လဲစိတ်မကောင်းမိတယ် jinက jeon jungkookကိုသိပ်ချစ်တာလေ အဲ့ကောင်မို့လုပ်ရက်တယ်ဗျာ!
ကျွန်တော် jinအဝတ်လဲရန် T-shirt အပွတစ်ထည်နှင့် ကျွန်တော့ဘောင်းဘီ အတိုတစ်သည်သာ ယူလိုက်သည်
အခန်းထဲမှထွက်လာချင်း sofaမှာထိုင်နေတဲ့ ကျောပြင်ငယ်လေးက တသိမ့်သိမ့်တုန်နေသည်
ငိုနေပြန်ပြီလား အကိုပေါက်စရယ်Tae "jin!"
ကျွန်တော့်ကို မော့ကြည့်လာတဲ့ မျက်ဝန်းဝိုင်းလေးက မျက်ရည်စတွေနဲ့ဗျာ...
Tae "jin မငိုပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်."
Jin "vooနဲ့ဘာမှမဆိုင်ပါဘူး မတောင်းပန်ပါနဲ့"
Jinနဲ့ တန်းတူဖြစ်အောင် jinရှေ့ဒူးထောက်ထိုင်လိုက်တော့ မျက်ဝိုင်းလေးက ကြောင်တောင်တောင်ကြည့်လာပြန်သည်
Tae "ဟင့်အင်း ကျွန်တော်တောင်းပန်ပါတယ် jinမငိုပါနဲ့တော့"
ကျွန်တော့် လက်ဖြင့် ဖွဖွလေး jinမျက်နှာငယ်ရှိမျက်ရည်ကြည်များအားသုတ်ပေးမိသည်
Jin "hyung သူနဲ့ ကွာရှင်းလိုက်ရမလားဟင်"
Tae "ကျွန်တော် ဘာပြောရမလဲjin"
Jin "somiကမိန်းကလေးလေ သူအရှက်ကွဲမှာငါမလိုလားဘူး"
Tae "jinကိုပြောတဲ့အထဲ ဆေးစာရွက်သက်သေမှမပါဘဲ သူ့အပြောနဲ့မယုံပါနဲ့"
Jin "ဘယ်မိန်းကလေးကမှ ကိုယ်အရှက်ကွဲခံပြီး ပြောမလဲ vooရယ်"
Tae "လူတိုင်းကို jinလိုဖြူစင်မယ်မထင်နဲ့"
ငါဘာကိုယုံရမှာလဲ ငါမောင့်ကိုယုံချင်တယ်
မောင့်ကိုဒီတစ်ခါထပ်ယုံမိရင် ငါမမှားဘူးမလားဟင်!
YOU ARE READING
IMAGES 🍁
Fanfictionကိုယ့် ဆီမှာ ရှိနေတုန်း က တန်ဖိုးမထားဘဲ သူများ ဆီ ရောက်သွားမှ ပြန် လို ချင် နေ လို့ မရဘူးလေ...!! Start _16 Sep 2022 End_20 March 2023 🍁