Episode 22

1.3K 167 27
                                    

Unicode ~~

Jin "voo! အိမ်မပြန်သေးဘူး hyung ကိုဒီနေရာအရင်ပို့ပေးပါ"

Somi ဆီမှ message ရသော နေရာအား Vooကိုပြောပြီး လိုက်ပို့ခိုင်းလိုက်သည်

Diamond ဆိုသည့် နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏ရှေ့တွင် jinစီးလာသောဆိုင်ကယ်လေးရပ်သွားသည်

Tae "ရောက်ပြီjin ဒီကိုဘာလုပ်ဖို့လာတာလဲ"

Jin "လူတစ်ယောက်နဲ့တွေ့စရာရှိလို့"

Tae "ဘယ်သူလဲ"

Jin "vooက သိပ်စက်စုတာပဲ"

Tae "မပြောပြချင်လဲနေပါ ဒါပေမယ့်အတူတူသွားရမယ်နော် ခနစောင့် ကျွန်တော့်သားကို နေရာချလိုက်အုံးမယ်"

ပြောရင်းဆိုရင်းပင် jinအားဆင်းခိုင်းကာ ကားပါကင်နေရာသို့အမြန်လေးမောင်းသွားသည်
ခနအကြာ Taehyung ပြန်ရောက်လာသည်
Jin နှင့် Taehyung အတူ ဆိုင်ထဲဝင်လာတော့ ဝင်ထန်းမိန်းကလေးတစ်ဦးနှင့်ဆုံ၏

"မင်္ဂလာပါရှင့် ဒီက Somi shiရဲ့ ဧည့်သည်လားမသိဘူး"

Tae "ဟမ်?"

Jin "ဟုတ်ပါတယ်ဗျ"

မိန်းကလေး၏အမေးအား Vooကကြောင်သွားပေမယ့် အကြောင့်သိတဲ့ကျွန်တော်ကပဲအဖြေပေးလိုက်သည်

"Kim Seokjin shiကဘယ်သူလဲမသိဘူး"

Jin "ကျွန်တော်ပါ"

"ဟုတ်ကဲ့ somi shi က Kim Seokjin တစ်ယောက်ထဲပဲခေါ်ခဲ့ပါဆိုလို့"

Tae "မရဘူး!"

"ရှင်"

Jin "ရပါတယ်ဗျ"

Vooက မသွားရဘူးဆိုသောအကြည့်ဖြင့် ကျွန်တော့်အားစကားပြောသည်
ကျွန်တော်သွားချင်သည် သူဘာပြောမလဲအရမ်းသိချင်နေသည်
သေချာသည်က သူပြောမည့်စကားက မောင်နှင့်ပက်သက်မည်ဆိုတာကိုပင်
ဒါပေမယ့် ကျွန်တော်နားထောင်ရဲရမယ်လေ ဘာလို့ဆို
မောင်ကကျွန်တော့်ကိုချစ်တယ်တဲ့ မောင်နဲ့ကျွန်တော်ကချစ်သူတွေလေ အဲ့တော့ကျွန်တော် သူနဲ့စကားပြောဖြစ်အောင်ကိုပြောရမယ်

IMAGES 🍁Where stories live. Discover now