Unicode ~~
စိတ်မပျော်လို့နေမယ် seokjin တို့ ည1နာရီခွဲသည်ထိအိပ်မပျော်သေး
ကုတင်ပေါ်လှဲနေရင်း အာခြောက်လာတာမို့ ရေထွက်သောက်ရန်ပြင်လ်ုက်သည်
Taehyungကတော့ seokjin ကို့ သူ့အခန်းပေးကာ sofaသေးသေးလေးမှာ ခွေခွေလေးအိပ်ပျော်နေလေရဲ့Taehyungလည်းသူ့ကြောင့်အရမ်းပင်ပန်းရတာမို့ taehyungမနိုးအောင် ခြေသံဖွဖွဖြင့် မီးဖို့ခန်းသို့ရောက်လာခဲ့သည်
ရေဗူးတစ်ဗူးအားယူကာ ဖန်ခွက်ထဲထည့်နေစဉ် တံခါးခေါက်သံ ခပ်မာမာအား ကြားလိုက်ရသည်
Seokjin စဉ်းစားမိသည် ဒီည ၁နာရီအချိန် ဘယ်သူက လာတာလဲဟူ၍
သို့ပေမယ့် taehyungအိမ်ဖြစ်တာကြောင့် taehyungနှင့်ပက်သက်သူထင်မိ၍ သောက်လက်စရေခွက်ကိုချကာ တံခါးဖွင့်ရန်ထလိုက်သည်
** ဒေါက် ဒေါက် ဒေါက်**
အဆက်မပျက်ခေါက်နေသော အသံသည် seokjin အနားရောက်သည်ထိ မရပ်သေး
ကြည့်ရတာ တစ်ဖက်လူက အလျင်လိုနေပုံရသည်** ကျွီ~~**
Seokjin တံခါးအား ဖြည့်ညှင်းစွာဖွင့်လိုက်သောအခါ
တွေ့လိုက်ရသောထိုလူကြောင့် လန့်သွားခဲ့သည်ထို့နောက် မျက်စိတစ်မှိုတ်တွင်း ထိုလူက seokjin လက်ကိုဆွဲကာ ကွန်ဒိုအပြင်သို့ခေါ်လာသည်
Jin "နေ... နေပါအုံး"
Seokjin စကားအားမကြားချင်ယောင်ဆောင်လျက် ကိန်းဂဏန်းများတရွေ့ရွေ့သွားနေသော Elevatorသို့သာအာရုံစိုက်နေသည်
Jin "jung...jungkook!"
Jk "ဟက်! Jungkook တဲ့လား မောင်မဟုတ်တော့ဘူးပေါ့"
Jin "ဘာတွေပြောနေတာလဲ"
Jk "ခများ စောက်ရမ်းစကားများတယ်"
** တီ **
Elevator တံခါးပွင့်သည်နှင့် jin လက်ကောက်ဝတ်အားဆုတ်ကိုင်ကာ ကားပါကင်သို့ဆွဲခေါ်သွားသည်ထိ jinမှာအသံထွက်ဖို့ပင်မေ့နေသည်
YOU ARE READING
IMAGES 🍁
Fanfictionကိုယ့် ဆီမှာ ရှိနေတုန်း က တန်ဖိုးမထားဘဲ သူများ ဆီ ရောက်သွားမှ ပြန် လို ချင် နေ လို့ မရဘူးလေ...!! Start _16 Sep 2022 End_20 March 2023 🍁