ထယ်ယောင်းက ဂျောင်ဂုကိုနားမလည်နိုင်စွာ စိုက်ကြည့်နေမိပါတယ်။ သေချာကြည့်တော့ဒီကောင် သူ့လောက်နီးနီးကြည့်ကောင်းတယ်ဆိုတာကို ပိစိကွေးသေးလေးတော့လက်ခံလိုက်ရတယ်။ ကင်မ်ထယ်ယောင်းရဲ့ရည်းစားဟောင်းဖြစ်ဖူးဖို့ဆို တော်ရုံစကေးနဲ့မှတက်လာလို့မရတာ။ တောက်ချပစ်လိုက်လို့ ကိုးရီးယားကနေ မြန်မာကို Flightစီးစရာမလိုဘဲနေ့ချင်းပြန်ရောက်သွားရအုံးမယ်။
"ထယ်.. သူကဘယ်သူလဲ"
ဆောဂျွန်းဟျောင်းအသံကြားမှ ပေါက်ကရအတွေးတွေ စဥ်းစားအငြင်းပွားရာကနေ ပစ္စုပ္ပန်ကို ရွှတ်ခနဲပြန်ရောက်လာတယ်။ သူ့မျက်လုံးတွေက ဂျွန်ဂျောင်ဂုကိုစိုက်ကြည့်နေမိရက်သားကြီး။
သွားပြီ။ သူ့မျက်လုံးတွေတော့ ဘတ်တီးရီးယားမျိုးစိတ်တွေ လင်ယူသားမွေးလုပ်ပြီး ညစ်ပတ်ပေကျံကုန်ရချည်ရဲ့။ဒါနဲ့ဂျွန်ဂျောင်ဂုကဘာကိစ္စ သူ့ကိုစားမတတ်ဝါးမတတ် စိုက်ကြည့်နေတာလဲ။
ဂျွန်ဂျောင်ဂုက အခုဘာတွေဖြစ်နေတာလဲဆိုတာ သူ့ရဲ့ဂျီးနီးယပ်စ်ဘရိန်းကတောင် နားမလည်နိုင်တော့ဘူး ။လက်ရှိကိုပြေးကြည့်ရင် သူဟာဆောဂျွန်းဟျောင်း ရဲ့ ကားပေါ်လိုက်စီးမိရုံလေးပါ။ ဒါတွေဟာ အမှန်တော့ သူ့အနေနဲ့ ဂျွန်ဂျောင်ဂုကို ရှင်းပြနေစရာကိုဘာအကြောင်းမှမရှိ။ ဂျွန်ဂျောင်ဂုကသူ့အဖေလည်းမဟုတ်သလို သကြားဖေဖေတို့ စပွန်ဆာဘဲတို့လည်းဟုတ်မနေ။
ဂျွန်ဂျောင်ဂုနဲ့ သူဟာ နှစ်ဦးသဘောတူလမ်းခွဲပြီးကြပြီးပြီ ။ဒါပေမယ့် ဂျောင်ဂုပြောတဲ့စကားက သူ့ကို အကြီးအကျယ် အာရုံနောက်စေတယ် ။ မသိရင် သူဟာ ဘယ်တုန်းကမှ ဂျောင်ဂုကိုမျက်နှာမပေးခဲ့ဖူးတဲ့လူလိုလို။ နေအုံး သူတကယ်ပဲ အဲ့ဒီလိုပုံစံပေါက်နေခဲ့တာလား။
"ငါနဲ့လိုက်ခဲ့!"
ဂျောင်ဂုက သူ့ကိုအသိပေးရုံသာဖြစ်ပြီး ခွင့်ပြုချက်တောင်းခံနေတာမဟုတ်။ ပူစီနံရွက်ပဲဘရို။
ထယ်ယောင်းကြောင်အနေတုန်းမှာ သူရဲ့လက်ကောက်ဝတ်ဟာဂျောင်ဂုလက်ချောင်းတွေကြား ဆွဲခေါ်ခံလိုက်ရပြီဖြစ်ပါတယ်။ ဒီကောင်သူ့လက်ကိုဘယ်တုန်းကတည်းက ကိုင်ချင်နေတာလဲ။
YOU ARE READING
We're Ex-boyfriends [Edited Version]
Fanfiction"ကျွန်တော်တို့သည်ရည်းစားဟောင်းများဖြစ်ကြသည်" Same plot but different text?