ဂျွန်ဂျောင်ဂု ဒီနေ့အိမ်မှာရှိမနေ။ မနက်မိုးလင်းကတည်းက ဆိုင်ကိုထွက်သွားတာလို့ အာဂျူမားကပြောတာတော့ကြားပါတယ်။ ဒီကောင်လူမှုရေးမရှိချက်ကသူ့ကိုတောင်နှုတ်မဆက်သွား။ ဂျွန်ဂျောင်ဂုကသူ့ကိုအီကြာကွေးကျွေးလိုက် မက်ဂျူတိုက်လိုက်လုပ်နေသလိုပဲ။ ဗရုတ်သုတ်ခတွေ ၁၂ပိဿာလောက်နဲ့အီစီကလီလည်းရိုက်နိုင်သလို။
အခုကျ ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ဘဲ အခါးတွေလာလာပေးတယ်။ကျောင်းပိတ်ရက်ကြီးတစ်ယောက်တည်းနိုးထလာရတာဟာဘယ်လောက်ပျင်းစရာကောင်းလိုက်သလဲ။
ဘာမှလုပ်စရာလဲမရှိ။
စာမေးပွဲနီးနေတဲ့အကြောင်းတွေလာမပြောနဲ့။မကြားချင်ပါဘူး။ စာကျက်တာကိုဝါသနာလည်းပါတဲ့သူမဟုတ်။ စာလုပ်ခြင်းနဲ့ ကင်မ်ထယ်ယောင်းဆိုတာက အတ္တလန္တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာလိုပဲ။ ဘေးချင်းကပ်ထားရင်တောင် ရောရောနှောနှောနေတာမဟုတ်။ ကိုယ့်အကန့်နဲ့ကိုယ်အနေသာကြီးပါ။အဲ့ဒီလိုပဲ စာကြိုးစားနေတဲ့သူကိုတွေ့ရင်လည်း ရင်ထဲအသည်းထဲက ဆွဲဆွဲပြီးကို ကုတ်ဖဲ့ပစ်ချင်တော့တာ။မနက်ဖြန်ဘာဖြစ်မလဲဆိုတာဘယ်သူကြိုသိနိုင်မှာလဲ။ ဘဝကတိုတိုလေးပါ။ တစ်ချိန်လုံး စာကြိုးစားရင်းနဲ့ဂစ်သွားရင် လူဖြစ်ဘယ်လောက်ရှုံး။
တကယ် တကယ် ဟိုက်ပါတွေရဲ့အမျှော်အမြင်က Another Level ကို Lamborghini စီးပြီး ကျော်တက်သွားကြပြီ။"ပျင်းလိုက်တာကွာ"
ဒီအချိန်လောက်ဆို ဂျွန်ဂျောင်ဂုကြီးတို့ ဆိုင်မှာ ဝန်ထမ်းမမတွေနဲ့ သာယာနေရင်ဘယ်နဲ့လုပ်ကြမလဲ။ တွေးလေတွေးလေ စိတ်ကတိုလေပါပဲ။
"ဒီကောင် ချီးဘရိန်းနဲ့ ငါ့ကိုပိုးပန်းနေတာ"
မျက်စိအောက်ကကိုအပျောက်မခံဘဲ ပိုးပန်းနေရမယ့်အချိန်မှာ သူ့ကိုတောင်အသိမပေးဘဲနဲ့အပြင်သွားတာကြီးကလုံးဝရုပ်ပေါက်လွန်းတယ်။
ဒင်းတောင်အိမ်မကပ်တာ သူကအိမ်ကပ်စရာ ဘာစောင်ကြောင်းမှနတ္ထိ။ အိမ်စောင့်နတ်နဲ့ကလည်း ပိုကာထိုင်ဆွဲလို့မရ။ ဒီအတိုင်းနေရင်ပျင်းလွန်းလို့သေသွားနိုင်ပါတယ်။ဂျီးနီယပ်စ်ဘရိန်းကြီးကိုခဏအလုပ်ပေးပြီးတဲ့နောက်တော့ တစ်ခုခုစဥ်းစားမိသွားတယ်။လက်ဖျောက်တစ်ချက်တီးလိုက်ပေမယ့် အသံကမမြည်။
ESTÁS LEYENDO
We're Ex-boyfriends [Edited Version]
Fanfic"ကျွန်တော်တို့သည်ရည်းစားဟောင်းများဖြစ်ကြသည်" Same plot but different text?