ထယ်ယောင်းက Bangtan Boys ရဲ့ MV အသစ်ကို Stream နေရင်းမှေးခနဲအိပ်ပျော်သွားမိတယ် ။
သူအိပ်ပျော်နေတုန်း ခန္ဓာကိုယ်ကိုတစ်ယောက်ယောက်ကလာမ,နေတာကိုခံစားမိပေမယ့်ဒါတွေကို အိပ်မက်လို့ပဲထင်ခဲ့မိတာဖြစ်တယ်။
မနက်ကကိစ္စကြောင့်တစ်အိမ်လုံးကို မျက်နှာပူလို့ အခန်းထဲမှာ ကိုယ့်ဘာသာကိုယ်အိပ်နေမိပါတယ်။
ဘယ်သကောင့်သားက လက်ယားပြီး သူ့ကိုလာ,မ လိမ့်မယ်လို့ထင်မိမှာပဲလေ။အခုတော့ မှန်းချက်နဲ့နှမ်းထွက်က သောက်တလွဲ။ သေချာပေါက် ကိုယ့်အခန်းမှာကိုယ်အိပ်ပျော်သွားတာမှန်ပေမယ့် နိုးလာတော့ ဂျွန်ဂျောင်ဂု အခန်းမှာရောက်နေပြီ။အခန်းထဲမှာလည်းတစ်ယောက်မှရှိမနေ။
ထယ်ယောင်းက မျက်နှာကိုမဲ့လိုက်မိတယ် ။
ခေါ်တုန်းက ခေါ်လာပြီးရင် မျက်နှာပြရမှန်း တချို့တွေမသိကြ။သူ့ကိုမြင်ချင်လွန်းလို့မဟုတ်ပါဘူး။ ဒီအတိုင်း လူ့ကျင့်ဝတ်ဆိုတာနားလည်စေချင်တာပါ။"နိုးပြီလား.. ဘေ့ဘေ"
"မမြင်ဘူးလား"
အခန်းထဲကို အခုမှဝင်လာတဲ့ ဂျွန်ဂျောင်ဂုဆီ ခေါင်းအုံးနဲ့ကောက်ပေါက်လိုက်တယ်။မျက်လုံးနှစ်လုံးဖွင့်ကတည်းက စိတ်ကလေးကဟန်မြစ်ရေတွေလိုကြည်ကြည်လင်လင်လေးဖြစ်မနေ။
"ဟေး.. စတော့ပစ်..ဘေ့"
"မင်းပြောစမ်း.. ငါဒီအခန်းထဲဘယ်လိုရောက်နေတာလဲ"
ဂျွန်ဂျောင်ဂုက သူပေါက်လိုက်တဲ့ခေါင်းအုံးကိုပြန်ယူလာပြီး ကုတင်စွန်းမှာ ဘေးတစ်စောင်းဝင်ထိုင်လိုက်ပါတယ်။ ဒီကောင် နည်းနည်းမဆိုသလောက်ပိစိကွေးသေးလေး ကြည့်ကောင်းနေသလိုပဲ။
"ပြောရရင်အရှည်ကြီးကွာ..တိုတိုတုတ်တုတ်ပြောရရင် မောင့်နှလုံးသားထဲမှာလေ အချစ်ကိုဆွဲငင်တဲ့သံလိုက်ပိုင်းလေးတစ်ခုရောက်နေတယ်။ သေချာပေါက် မောင့်အချစ်ကိုဒီအခန်းထဲဆွဲခေါ်ဖို့အထိ သံလိုက်ဆွဲအားကပြင်းတာပေါ့.. အဲ့တာတော့ မောင်လည်းမတတ်နိုင်တဲ့ကိစ္စကြီးရယ်"
"ဒီကောင်တော့ လီးလီးလားလားတွေ"
"အ! ထိသွားပြီ အားကြီးနဲ့ပါလားမောင့်ကောင်လေးရာ..မင်းပြောတဲ့ဒီကောင့်ရဲ့နှလုံးသားလေးကသနားဖို့ကောင်းပါတယ်။
ဘေ့ဘေးသိလား.. ဘေ့ဘေမသိပါဘူး။
မောင့်နှလုံးကျန်းမာရေးကမကောင်းတော့ဘူးလို့ Cardiologistက ဆေးစစ်ချက်ထုတ်ပေးထားရတာကို"
YOU ARE READING
We're Ex-boyfriends [Edited Version]
Fanfiction"ကျွန်တော်တို့သည်ရည်းစားဟောင်းများဖြစ်ကြသည်" Same plot but different text?