ရှေ့ကနေ လှုပ်တုတ်တုတ်သွားနေတဲ့ ရည်းစားဟောင်းလေးကို အမှီလိုက်အပီကြိုက်ဖို့ ဂျောင်ဂုဟာ အားသွန်ခွန်စိုက် ပြေးစရာမလိုလိုက်ပေ။
မာမီမွေးကတည်းက အပြေးမြန်တဲ့အကွေးသန်။ ခြေတံကလည်းသူများတကာတွေလို တိုတိုတုတ်တုတ် မုန်လာဥမဟုတ်။ ကိုယ်တွေက ဟိုဟာရှည်သလို ခြေတံလည်းရှည်။"ဟေး.. ကင်မ်ထယ်ယောင်း"
ဂျောင်ဂုက လက်ကိုပြေးဆွဲတော့ ဟိုကမျက်စောင်းတစ်ချက်ထိုးပြီးလက်ကိုခါချပါတယ်။
ဟာ ထိသွားပြီ။ ကင်မ်ထယ်ယောင်းထိုးသမျှဟာတွေက သူ့နှလုံးသားထဲကို ဒဲ့ဝင်တာ။ ဘာလဲကွာ တကယ်ပါပဲ။"ဘာတုန်း.. ငါ့လက်ကိုလွှတ်စမ်းပါ"
"အတူတူသွားမယ်"
ထယ်ယောင်းက ဂျောင်ဂုဆီကိုဒိုင်းခနဲထပ်ကြည့်တယ်။ ကြည့်ချင်လို့ကြည့်တာမဟုတ်ဘူး။ ချောလို့ကြည့်တာ။
ချောလို့ကြည့်တာလည်းမဟုတ်ဘူး။ဒီလိုကောင်မျိုး Buy 1 Get 1 ရရင်တောင် သူမဝယ်ချင်တော့ပါ။
ရည်းစားဟောင်းဆိုတာမျိုးက Made in Korea လို့တံဆိပ်တပ်ထားတဲ့ ကင်မ်ချီလိုပဲ။ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ချဥ်ဖက်ကြီးဖြစ်သွားရော။"မလိုပါဘူး ငါ့ဟာငါ သွားတတ်တယ်"
တကယ်တော့ ကျောင်းကနေလစ်တာက လွယ်တယ်။ မင်ယွန်းဂီရဲ့ Lamborghiniပေါ် ဖင်လေးတင်လိုက်ရုံပဲ။ သူနဲ့ဂျီမင်းက တစ်လမ်းလုံးတော်ကီတွေချုပ် ဂေါ်လီတွေပုတ်လာတာမို့လို့ မင်ယွန်းဂီကလူကုန်ကူးမယ်ရင်တောင် ပြည်ပခရီးစဥ်ဘာညာထင်လိုက်ကြအုံးမှာ။
ထားပါ။ ကျောင်းကိုသွားရတာလည်းဘာခတ်မှာကြလို့။ ဒီအတိုင်းBusပေါ်တက်ထိုင်လိုက်ရုံပဲ။ တက်ထိုင်တာလောက်တော့သူလည်းလုပ်တတ်ပါတယ်။ဂျွန်ဂျောင်ဂုပေါ်ဆိုထိုင်နေကျ။ ဒါလေးတွေက Easy goingလေးတွေ။ သူ့လိုဂျီးနီယပ်စ်အတွက် စကားထဲထည့်ပြောနေစရာကိုမလို။
"Busစီးရတာကို ငါ့ကိုစီးခဲ့တာလောက်လွယ်မယ်ထင်နေတာလား"
ဂျောင်ဂုစကားကိုဘာပြန်ပြောရမှန်းမသိလို့ သူ ကြောင်ပဲကြည့်နေမိတယ်။ ဒီကောင်အရှက်မရှိချက်က နည်းတာကြီးမဟုတ်။ 6 လက်မခွဲ 7 လက်မလောက်တော့ အေးဆေးရှိတယ်။
ကိုယ့်အတွေးနဲ့ကိုယ် ချက်ချင်းနီရဲတက်လာတဲ့နားရွက်တွေကြောင့် စိတ်ထဲကနေ သြကာသသက်စေ့ရွတ်မိသွားတယ်။ ဘာသာရေးတရားကိုင်းရှိုင်းပြီး ဖရုသဝါစာ ကြမ်းတမ်းသောစကားတွေကိုနည်းနည်းမှမဆိုတတ်တဲ့ အမျိုးမှန်အရိုးခံလေးရယ်ပါ။
YOU ARE READING
We're Ex-boyfriends [Edited Version]
Fanfiction"ကျွန်တော်တို့သည်ရည်းစားဟောင်းများဖြစ်ကြသည်" Same plot but different text?