ရည်းစားဟောင်းကငါ့ကိုပစ်​ပြီးVကိုBiasတော်မယ်တဲ့

10.5K 813 130
                                    

"ဂုကီ ဂုကီ.. ဂုဂုကီ"

ကင်မ်ထယ်က ဂျောင်ဂုကုတင်ပေါ် အခန့်သား ပက်လက်ကြီးလှန်ပြီး ဖုန်းသုံးနေတယ် ။ ပါးစပ်ကလည်း အငြိမ်မနေဘဲစုလိုက်ချွန်လိုက်နဲ့ ပွစိပွစိ ။
ဂျောင်ဂုရဲ့ ညဝတ်အင်္ကျီနဲ့မို့ သူလေးခန္ဓာကိုယ်က အဝတ်စားပုံအောက်ရောက်နေတဲ့ အရုပ်ကလေးလိုပဲ။ ဒီနေ့နဲ့ဆိုဂျောင်ဂုကီတို့အိမ်မှာ ညဘက်လာ,လာသောင်တင်တာတစ်ပတ်လောက်တောင်ရှိပြီ။
ဘဲချောချောလေးရထားတာမို့ သူ့မှာချော့တစ်လှည့်ခြောက်တစ်လှည့်နဲ့ သူမှသူဖြစ်နေအောင်အနီးကပ်အပီချုပ်နေရတာနဲ့ တစ်ပတ်လုံးဘယ်လိုကုန်သွားမှန်းတောင်မသိ။

ပြန်တွဲပြီးတဲ့နောက်ပိုင်း ကင်မ်ထယ်က ဂျောင်ဂုကို ခိုအာလာဝက်ဝံလေးလို ကပ်ချွဲကြည့်ဖို့ Plan တွေလည်းရှယ်ချထားတယ်။ဂျောင်ဂုကီကို "ကိုကို​ဒါမလုပ်နဲ့ဆို ဟုတ်ကဲ့ကိုကို'' ဆိုတဲ့အဆင့်ထိရောက်အောင် Training နာနာပေးထားဖို့အချိန်ဇယားတောင်ချပြီးသွားပြီ။
ဒါမှ သူဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်။ ယောကျာ်းတွေဆိုတာအပေါ်ကဖိထားနိုင်မှတော်ကာကျ။

ကင်မ်ထယ်ယောင်းက သူ့ဘာသာအတွေးပေါက်ပြီး သဘောတကျနဲ့တခစ်ခစ်ရယ်နေပါတယ် ။
ဒါကို ရေချိုးခန်းထဲကထွက်လာတဲ့ဂျောင်ဂုမြင်တော့ ပက်လက်လှန်နေတဲ့ သူ့ကောင်လေးအပေါ် တက်အုပ်လိုက်တော့တာပါ။

ကင်မ်ထယ့်မှာရုတ်တရက်ဆိုတော့လန့်သွားပေမယ့် ဂျောင်ဂုကိုလည်းတွေ့ရော ဖုန်းကိုပစ်ချပြီး ဂျောင်ဂုလည်တိုင်ကို ရစ်သိုင်းလို့​ပြန်ဖက်လိုက်ပါတယ်။
ဂျွန်ဂျောင်ဂုတို့ခမျာ ချစ်မဝစွာငုံ့ကြည့်ရုံမှတပါး မတတ်နိုင်တော့။

"ဘာတွေသဘောကျနေတာလဲ ဘေဘေး"

"ငါ့ကိုအခေါ်အဝေါ်တွေပြင်ပေးစမ်းပါ ဂုကီရာ.. ကလေးဆန်လိုက်တာ"

"မောင့်ကောင်လေးက ဘယ်လိုခေါ်စေချင်လို့လဲ"

"ကိုကိုလို့ခေါ်"

"ဘေဘေးက ပိုကောင်းတာကို"

"မရဘူးကွာ.. ခေါ်လို့ ငါ့ကို'ကိုကို'လို့ခေါ်ပါဆို"

နှုတ်ခမ်းကြီးတတောင်လောက်ထွက်ပြီးစိတ်ကောက်ချင်နေတဲ့ သူ့ကောင်လေးကို ဂျွန်ဂျောင်ဂုဟာ ပါးဖောင်းကြီးတွေနစ်သွားတဲ့အထိ ဖိကပ်နမ်းပစ်လိုက်တယ်။

We're Ex-boyfriends [Edited Version]Where stories live. Discover now