ဇာတ်သိမ်းပိုင်း

14.4K 938 186
                                    

ကင်မ်ထယ်တို့တော့ ပြသနာကြီးကြီးတက်တဲ့ကာလကိုရောက်လာခဲ့ပြီ။အထက်တန်းနောက်ဆုံးနှစ်ရဲ့ Final Exam ကြီးကသိပ်ကြောက်ဖို့ကောင်းတာပါပဲ။ကြောက်ဖို့ကောင်းလွန်းလို့ ဂျောင်ဂုကီရင်ခွင်ထဲမှာပဲတစ်သက်လုံးပုန်းလို့နေလိုက်ချင်။

တစ်နှစ်ပတ်လုံးအလေလိုက်နေတဲ့ သူတို့သူငယ်ချင်းသုံးယောက်အဖို့တော့ မျောက်မီးခဲခုထိုင်မိသလို ပျာယာခတ်နေရတဲ့အချိန်တွေရယ်ပါ။
ဒါပေမယ့် ကင်မ်ထယ်ကသူများတွေလို ရည်းစားမရှိတဲ့ထာဝရ Infinity နဲ့ FAမှမဟုတ်ပါဘဲ။
သူ့မှာရုပ်လည်းချော။ Bodyလည်းတောင့် ။ ဟင်းချက်ကလည်းတော်။ ငွေလည်းလျှံ။ အုကြီးကြီးနဲ့
ဉာဏ်လည်း ပိုးစိုးပက်စက်ကောင်းတဲ့ ကောင်လေးရှိတယ်။

​လေတစ်ခုတည်းကအောက်ဆီဂျင်ကိုရှူနေရတာချင်းတူပေမယ့်ကုသိုလ်ကံချင်းကမတူပါ။ရည်းစားရှိတာချင်းတူနေအုံးတော့ မင်ယွန်းဂီနဲ့ပတ်ဂျီမင်းကိုပဲကြည့်။
ဟော.. အခုလို စာမေးပွဲရှိတဲ့အချိန်ကျ နှစ်ယောက်လုံး သူမသာ ကိုယ်အသုဘ။
နှစ်ယောက်လုံးက သုံးစားမရ ကုန်းကွကွ။

ကင်မ်ထယ်ဆို ဘယ်လောက်ကောင်း။ ဘေးကနေ နားမဝင်မချင်း စာရှင်းပြမယ့်ကောင်ချောချောလေးလည်းရှိတယ်။ မောရင်အာဘွားပေးမယ့်ကောင်လေးမျိုး။ ညောင်းရင်ကိုယ်ဖိရင်ဖိနှိပ်ပေးမယ့်ကောင်လေးမျိုးရှိနေတော့ လောကကြီးကဘေးမသန်းအေးချမ်း။

"ဘေဘေးကကွာ.. Newton ရဲ့ Law တွေထဲရယ်စရာပါလို့လား"

ရူပဗေဒ Defination တွေပြန်မှတ်နေရတဲ့ ကင်မ်ထယ်ဟာ ကျေနပ်ပြုံးကြီးနဲ့ သူ့ကောင်လေးကို လှမ်းကြည့်လိုက်တယ်။
မောင့်အကြောင်းတွေးနေတာလို့ပြောလိုက်ရင် ဂျွန်ဂျောင်ဂုကြီးတစ်ယောက်အပျော်လွန်ပြီးနှလုံးရပ်သွားမှာစိုးလို့ မပြောတော့ပါဘူးလေ။

"ဟော.. ကဲ စာလည်းမရသေးဘဲမောင့်ကိုပဲကြည့်မနေနဲ့ကွာ"

"ဘယ်သူကမရဘူးလို့ပြောလဲ ဟွန်း.. ငါအကုန်ရတယ် မတွက်တတ်သေးတာပဲရှိတာ"

"အဲ့တာဆို ဆိုစမ်းပါအုံးမောင့်ကောင်လေးရယ် Newton ရဲ့ Law လေးတွေ"

ကင်မ်ထယ်က မျက်လုံးလေးတောင်ကြည့်မြောက်ကြည့်နဲ့ Marker pen လေးကို လက်သွယ်သွယ်လေးတွေနဲ့ဆက်လှည့်နေတယ်။
ဂျောင်ဂုကို မျက်လုံးလေးလှန်ကြည့်ရင်း ရုပ်ကလေးက သနားကမား။ နယူတန်ရဲ့လောတွေကဒီလောက်များတာ သူချက်ချင်းကြီးဘယ်လိုမှတ်နိုင်မှာလဲ။
အဲ့ဒီနယူတန်ဟာလေတော်တော် လေရှောပြီး လောရှည်တဲ့ပုဂ္ဂိုလ်ပါပဲ။

We're Ex-boyfriends [Edited Version]Donde viven las historias. Descúbrelo ahora