ထယ်ယောင်းပြန်လာကတည်းက အခန်းအောင်းနေတာ။ နေ့လည်စာလည်းထွက်မစားဖြစ်ဘူး။ ညစာကျတော့ နည်းနည်းဗိုက်ဆာလာတာမို့ ရေမိုးချိူးပြီး အောက်ထပ်ကိုဆင်းဖို့ပြင်ရတယ်။ ဂျွန်ဂျောင်ဂုနဲ့အခန်းမမျှရတဲ့ခံစားချက်က သိပ်ကောင်းရှယ်ကောင်း ထာဝစဥ်ကောင်းသောပါပဲ။အကုသိုလ်လည်းမပွားရတော့သလိုသူလည်း ဆဲစရာမလိုတော့ဘူး။
"ထယ်ထယ် နိုးလာပြီလား..နေရတာဘယ်လိုနေလဲ"
မီယောင်းအာဂျုမားက အပြုံးချိုချိုလေးနဲ့ ဧည့်ခန်းထဲကနေလှမ်းမေးတယ် ။ အာဂျုရှီးကလည်း စာအုပ်ဖတ်နေရင်းကနေလှမ်းကြည့်နေတာမို့ ထယ်ယောင်းဟာ မီးဖိုခန်းဘက်လှမ်းနေတဲ့ခြေလှမ်းတွေကိုရပ်ပြီး ဧည့်ခန်းထဲမှာဝင်ထိုင်လိုက်ပါတယ်။ လူမှုရေးဆိုတာဒါပဲ။ သူ့လိုလိမ္မာယဥ်ကျေးတဲ့ အရိုးခံအမျိုးမှန် အဖိုးတန်လေးက။
'လူမှုရေး'ကို စာလုံးပေါင်းတတ်ရုံလောက်ပဲသိတဲ့ မီယောင်းအာဂျုမားရဲ့သားလိုလူနဲ့တော့ကွာတာပေါ့။"သားနေကောင်းပါတယ်"
"မသိပါဘူးကွယ်.. ဂျောင်ဂုကီပေါ့ ထယ်ထယ်နေမကောင်းလို့ အကိုက်အခဲပျောက်ဆေးသွားပေးဖို့တဂျီဂျီပြောနေတာလေ။
အာဂျုမားလည်း ထယ်ထယ် အိပ်နေတာနဲ့ ညနေစာစားပြီးမှပဲတိုက်လိုက်မယ်လို့ပြောလိုက်ရတယ်"ထယ်ယောင်းမှာ အာဂျုမားစကားကြောင့်အထူးအဆန်း။ 'ဘယ်လိုဘယ်လို ဘယ်လိုပြောလိုက်တယ် ပြန်ပြောပါအုံး'လို့ပြောရအောင်ကျလည်း နည်းနည်းအိုဗာတင်းဆန်လွန်းသွားမှာစိုးရိမ်ရ။ ဒါဖြင့် ဘာကြောင့်ဂျွန်ဂျောင်ဂုက ဆေးတိုက်ချင်ရတာလဲ။ မန်ယူများထပ်ရှုံးလို့လား။
ဟာ..အပေါ်ယံတွေရယ်ပါ။ ထယ်ယောင်းဘဝမှာအမုန်းဆုံးက အပေါ်ယံတွေပဲ။ အဲ့ဒါကြောင့်ကြက်အရေခွံတို့ ငါးအရေခွံတို့တောင်မစားဘူး။ ဝက်ခေါက်တော့စားတယ်။ဘာကြောင့်လဲလာမမေးနဲ့။ မေးခွန်းသတ်ရင် သင်္ချာဆရာကိုတောင်ချောင်းရိုက်လာတဲ့လူဆိုတာသိစေချင်တယ်။
"သားဘာမှမဖြစ်တော့ပါဘူး။ အာဂျုရှီးကဒီနေ့ပြန်လာတာစောတယ်နော်"
"ဟုတ်ပါ့.. ငါတို့ထယ်လေးအိမ်ရောက်နေတာကို တစ်ခါမှ မျက်နှာမပြရသေးလို့ဘယ်ဖြစ်မလဲ"
YOU ARE READING
We're Ex-boyfriends [Edited Version]
Fanfiction"ကျွန်တော်တို့သည်ရည်းစားဟောင်းများဖြစ်ကြသည်" Same plot but different text?