ရည်းစားဟောင်းဆိုတာ ဇီးပြားပေါင်းလိုကြာလေချဥ်လေ ဘယ်တုန်းကမှ ကောင်းကျိုးမပေးတတ်တဲ့ သတ္တဝါလေးတွေသာဖြစ်သည်။ ဒါကြီးက ကင်မ်ထယ်ယောင်းရဲ့ဘဝကြီးနဲ့ချီပြီး အသိတရားရသွား တဲ့Universal Truthကြီး။ ရှေ့ကကြည့်လည်းမှန်တယ် ။ ဇောက်ထိုးကြည့်လည်း သူမှန်တယ်။
အမှန်က Ex တွေထဲမှာဘယ်Exမှကိုမကောင်းပါဘူး ။ တော်ပါပြီ ရည်းစားဆိုတာ မူမပြီးတဲ့အပူမီး ။ ဂျွန်ဂျောင်ဂု ဆိုတဲ့လူတစ်ယောက်နဲ့တင်အချစ်တွေအနှစ်တွေကိုလှည့်ကိုမကြည့်ချင်တော့တာရယ်ပါလေ။
ရည်းစားဟောင်းအကြောင်းကိုစကားလုပ်မပြောချင်ပေမယ့် ရှင်းစရာရှိတာတော့ဒဲ့ရှင်းရမှာပဲ။
ရင်နာစရာဇာတ်လမ်းလေးတစ်ပုဒ်ကိုနိဒါန်းချီရရင် ဇာတ်လမ်းလေးကဒီနေရာမှာစလုံးရေး,စတယ်။ဂျွန်ဂျောင်ဂုဆိုတာ သူနဲ့ပေါက်စကတည်းကအိမ်နီးချင်းအရင်းကြီးတွေ ။ ဒီကောင် သူ့ထက် နှစ်လကြီးများတောင်ငယ်ပေမယ့် သူ့ကိုဆို ဘယ်တော့မှအကိုကြီးဆိုပြီးလေးစားခဲ့တဲ့ကောင်မဟုတ်ဘူး ။အလကား စာတော်တယ်ဆိုပြီး ဘဝင်မြင့်နေတာ။ သောက်ကျိုးကုဋေကုဍာနည်းရပါသောဟိုက်ပါတွေရယ်ပါ။
သူနဲ့ကတော့ ရုရှားနဲ့အမေရိကန်လိုသိပ်ချစ်ရပါသော ကမ္ဘာ့ပါတနာတွေသာ။ငယ်ငယ်ကတည်းက တွေ့ရင် တွေ့တဲ့နေရာမှာ By oneနပမ်းလုံးနေကျဖောက်သည်တွေဆိုလည်းမှားတော့မမှား။
ဒါပေမယ့် အလယ်တန်းနောက်ဆုံးနှစ်ရောက်ခါမှ ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်က ပြောင်းလဲလာတာ ။
ဂျောင်ဂု သူ့ကို စ,စချင်းဖွင့်ပြောတုန်းကဆို အတော် shock ရပြီး နှစ်ပါတ်တောင်ဖျားခဲ့သေးတယ် ။ သိတဲ့အတိုင်းကိုယ်ကသောက်ချောကြီးဆိုတော့ သူကြွေချင်လည်းကြွေမှာပေါ့။ နားလည်ပေးလို့ရပါတယ်။ဒါတွေကစောင်ချောကြီးတိုင်းကြုံကိုကြုံရမယ့်လောကဓံသမုဒ္ဒရာလှိုင်းတွေ။နားလည်လို့မရတာက အဲ့ဒီအတောအတွင်းမှာ သူ့ဆီကို လူနာသတင်းမေးဆိုပြီးအကြောင်းပြတဲ့ဂျွန်ဂျောင်ဂု ။ဆိုးရွားချက်ဆိုတာ အိမ်ကနေကိုမပြန်တော့ပါ။
'မင်းဘာဖြစ်နေတာလဲ' လို့မေးရင် 'မင်းကိုချစ်နေတာ' လို့ပြန်ပြန်ဖြေပြီး ဖက်နမ်းတယ် ။ အစကတော့ ထယ်ယောင်းလည်းပဲ ရှက်တာပေါ့ ။ စဥ်းစားကြည့်။
ကိုယ်ကယောကျ်ားလေးပဲဟာကို။
ဒါပေမယ့်လည်း ကင်မ်ထယ်ယောင်းက Vitamin Cမှမဟုတ်တာ ။ ငယ်ငယ်ကတည်းက ဂျောင်ဂု သူ့ကို ဆံပင်တစ်ခါဆွဲရင်နှစ်ခါလောက်ပြန်ဆွဲ ၊ လက်သီးတစ်ချက်ထိုးရင် သုံးလေးချက်လောက်ပြန်သိပ်လာတဲ့လူပါ။ ဒီလိုလာကြောလို့ရရင် သူ့ရဲ့ကြီးကျယ်လှစွာသော Image တွေမြေမြုပ်ပစ်လိုက်ရမှာပေါ့။
VOUS LISEZ
We're Ex-boyfriends [Edited Version]
Fanfiction"ကျွန်တော်တို့သည်ရည်းစားဟောင်းများဖြစ်ကြသည်" Same plot but different text?