"ဘာဂျာမှုတ်မလား ဘာဂါအုပ်မလား"
ဂျွန်ဂျောင်ဂုက ဆိုင်တစ်ဆိုင်မှာ ကားပါကင်ကို ကျွမ်းကျွမ်းကျင်ကျင်ထိုးနေရင်းကနေ လှမ်းမေးတယ်။ ပါးစပ်ပေါက်ဟလိုက်တာနဲ့ မကြားဝံ့မနာသာတွေကအရင်စပြီ။ အဲ့တာတွေကြောင့် မရင့်ကျက်တဲ့လူတွေနဲ့စကားမပြောချင်တာ။ သူနဲ့ကိုယ်Brain Levelကမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းလို အကွာကြီး။
"မင်းဟာမင်းပဲ အားရပါးရမှုတ်"
"အကောင်းမေးနေတာနော်.. ဒီဆိုင်က Sausage size က ငါ့ဟာနီးနီးရှိတော့ မင်းအကြိုက်ပဲ"
"ဘာ!"
"ဥပမာပြောတာပါ။ မင်းကSausageဆို သေးသေးလေးတွေစားရတာအားမရဘူးလေ"
ထယ်ယောင်းက ခပ်စူးစူးတစ်ချက်စိုက်ကြည့်ပစ်လိုက်တယ်။ ဂျွန်ဂျောင်ဂုအကြောင်းမသိရင်ခတ်မယ်။ Sausageဆို XXL လောက်ကြီးတွေကိုမှကြိုက်တာမှန်နေတော့လည်း ငြိမ်ခံနေရတယ်။
ဘယ်ဟာမဆိုကြီးမှကြိုက်တာက အမေမွေးကတည်းက။
ပြီးတော့ သောက်ကျိူးနဲတဲ့မှ အစာအိမ်က နည်းနည်းလှုပ်ခတ်လာ။ သူ့ရဲ့သိက္ခာတွေကို ဘုန်းခနဲ အုန်းခနဲမြည်အောင်ပစ်ချနေသလိုပါ။"pepperoni pizza ကို Double Cheese ထပ်အုပ်ပေးထားတဲ့ Special menu လည်းရှိတယ်"
ကားစက်သတ်ပြီးသွားတဲ့ ဂျောင်ဂုဟာ သူ့ဘက်ကို မျက်ခုံးပင့်ပြရင်း ပြီတီတီကြည့်နေတယ် ။ ပြေးကုပ်လို့ရရင်ကောင်းမယ်။
"ဒါပေမယ့် မင်းကဒါတွေမစားချင်လောက်ပါဘူး"
ဂျွန်ဂျောင်ဂုမျက်နှာကို cheese အုပ်ပြီး Microwaveထဲထည့်လို့ရရင်ပိုကောင်းမယ်။
ဒါသက်သက်မဲ့ Blood pressure လာစမ်းနေတာပဲ။
ဒါတွေကို ထယ်ယောင်းကမကြိုက်တာ ။ ဘာလို့ ဂျွန်ဂျောင်ဂုက သူ့ထက်ပိုပြီးသူ့စိတ်ကို ထဲထဲဝင်ဝင်သိနေရတာလဲ ။ထယ်ယောင်းက မကျေမနပ် လက်လေးပိုက်ထားရင်း ဂျောင်ဂုနဲ့ဆန့်ကျင်ဘက်ကို လှည့်ထားလိုက်တယ် ။ဘယ်သူကမစားချင်ဘူးပြောနေတာကျလို့။"ပြီးတော့ Strawberry Milk Tea က Organic နဲ့ ။ ဘယ်ရီအဖက်တွေအကြီးကြီးထည့်ပေးတာ"
"ချီး! မင်းမေဆိုင်မို့ Marketing ရှယ်ဆင်းနေတာလား။ Milk Tea သောက်ရအောင်ငါက ၅ နှစ်သားလည်းမဟုတ်"
YOU ARE READING
We're Ex-boyfriends [Edited Version]
Fanfiction"ကျွန်တော်တို့သည်ရည်းစားဟောင်းများဖြစ်ကြသည်" Same plot but different text?