ရည်းစား​ဟောင်းအားချဥ်းကပ်နည်း

9.1K 857 81
                                    

ကင်မ်ထယ်က ခြံရှေ့မှာ ရပ်နေတာ တော်တော်ကြာကြာအထိပါ။အသက်ကိုဝင်လေနဲ့ထွက်လေ ပုံမှန်လေးမှတ်ပြီးတော့မှ ခြံတံခါးကို တီးတောင်လုပ်လိုက်တယ်။ဆိတ်တွေလှုပ်ရှားလွန်းလို့ ကင်ပြီးတောင်စားချင်လာပါတယ်။
ခြံတံခါးပွင့်သွားတယ်။ဖွင့်ပေးလာတာကတော့ ထုံးစံအတိုင်းမတော်ရသေးတဲ့ ယောက္ခမကြီးပါရယ်။

"ဒီအချိန်ကြီးဘယ်သူများလဲမှတ်တာ ထယ်ထယ်ပါလား"

"ဟုတ် စာလာလုပ်တာအာဂျုမား။ သားဖြစ်သူရှိတယ်မဟုတ်လား"

ဟုတ်သော်ရှိ မဟုတ်သော်ရှိလက်ထဲကစာအုပ်တွေကိုထောင်ပြ​ပြီးခပ်တည်တည်ပဲ​မေးလိုက်သည်။ ယုံတာမယုံတာသူ့အပိုင်းမဟုတ်။ ယောက္ခမကြီးအပိုင်းဖြစ်သွားပြီ။

"အယ်..လာလာအိမ်ထဲဝင် သားဖြစ်သူလည်းရှိပါတယ်ရှင်း"

သူ့လေသံအတိုင်း အာဂျုမားကရယ်သံနှောပြီးပြောလာတယ်။ အဲ့ဒီအခါ မိုနာလီဆာထက်ချိုတဲ့ Boxy Smile လေးပြုံးလိုက်မိ။ အာဂျုမားရဲ့သားမက်ဖြစ်သူမှာ ပျားရည်နဲ့သကြားရောထားတာထက်ချိုတဲ့အပြုံးလေးတွေရှိကြောင်းလည်းသိစေချင်။ ဘယ်လိုလုပ်ကြမလဲ သူကြာကြာပြုံးပြရင် ယောက္ခမကြီးတွေ သွေးတွင်းသကြားဓာတ်တွေ စပါယ်ရှယ်တက်ကုန်ရင်ခတ်ကုန်တော့မှာ။

"ဂျောင်ဂုကီကိုတော့ ပြောကိုမပြောချင်တော့ပါဘူး..ဟိုတစ်နေ့ကလေ သားပြန်သွားကတည်းက စာကြည့်ခန်းမှာပဲအလုပ်တွေရှူပ်နေတယ်။
ဘာတွေမှန်းကိုမသိဘူး..ခေါတ်လူငယ်တွေကခက်ရောကွယ်"

"ဟာ သားတို့က PH POH equationတွေလောက်တောင်မခက်ပါဘူးနော်.. အာဂျုမားရဲ့သားဖြစ်သူကိုအဲ့ဒီလိုကြီးမပြောပါနဲ့ သားဖြစ်သူသနားပါတယ်"

"ဘာရယ်"

အာဂျုမားကသူ့ကိုဘာပြောရမှန်းမသိလို့ ကြောင်ပဲကြည့်နေတယ်။ ကြည့်ရတာ Emotional Damageရသွားတဲ့ပုံ။ ဒါကို​တော့ ကင်မ်ထယ်လည်းမတတ်နိုင်။ ဂျွန်ဂျောင်ဂုကယောက္ခမကြီးမွေးထားတာမှန်ပေမယ့် မွေးလာရခြင်းရဲ့အကြောင်းအရင်းက သူ့ယောကျ်ားဖြစ်ဖို့ပါ။ အဲ့ဒီတော့ ဂျွန်ဂျောင်ဂုကသူ့အပိုင်ပဲ။

We're Ex-boyfriends [Edited Version]Where stories live. Discover now