ရည်းစားဟောင်းကိုယောကျ်ားတော်ချင်လို့

9K 820 41
                                    

ကျောပိုးအိတ်ကြိုးကို တင်းနေအောင်ကိုင်လို့ Main လမ်းတစ်လျှောက် တွေဝေစွာ လမ်းလျှောက်နေမိတယ်။ ခံစားချက်တွေလမ်းပျောက်ရလွန်းလို့ ကိုယ့်ကိုယ်ကိုဘာတွေလုပ်နေမိမှန်းတောင်မသိတော့ပါဘူး။
အော်.. အချစ် အချစ် ကင်မ်ထယ်ယောင်းဘဝကြီးလည်း အဲ့ဒီဟာကြီးနဲ့ထိပ်တိုက်တွေ့မှ သောက်ကျိုးတွေကိုနည်းနေရော။ လူတိုင်းကအချစ်နဲ့တွေ့ရင်တစ်ခုမဟုတ်တစ်ခု အကျိုးနည်းကြရတာပါပဲ။

'အချစ်' ဆိုတဲ့အရာကြီးနဲ့ထိပ်တိုက်တွေ့ကြရတဲ့အခါ
'Hello I hope u r well & happy, as for me, I'm fine too'လောက်နဲ့ နှုတ်ဆက်ပြီးဘိုင့်ဘိုင်ပြသွားလို့မရ။ အချစ်ကပေးတဲ့ အနိစ္စ ဒုက္ခ အနတ္တတွေကို အိမ်ထဲခေါ်ပြီးထမင်းဖိတ်ကျွေးကြရသေး။

အခုရော ဘာထူးပါ့။ သူမှဂျွန်ဂျောင်ဂုဆိုတဲ့ဒုက္ခကြီးမရှိဘဲအသက်မရှင်နိုင်တော့တာ။ အဲ့ဒီတော့လည်း Main Missionတွေ Side Missionတွေနဲ့ 'ရည်းစားဟောင်းအားအပိုင်ရအောင်ကြံနည်း' ဘာညာဦးနှောက်သွေးရတော့တာပေါ့လေ။

လက်တစ်ဖက်က ကိုင်ထားတဲ့ရေဗူးလေးကိုတစ်ချက်ငုံ့ကြည့်မိတယ်။သူရဲ့ဗျူဟာတွေက တကယ်ရောအလုပ်ဖြစ်ပါ့မလားမသိ။

ဆောင်းငွေ့တွေရောနေတဲ့ဒီရာသီက အားတိုင်းကစားရတဲ့ အားကစားရာသီမို့။ သူတို့ရဲ့ကျောင်းတွင်းအားကစားပြိုင်ပွဲတွေအပြင်တခြားကျောင်းတွေနဲ့မြို့နယ်ပွဲစဥ်တွေလည်းရှိပါတယ်။
သူကတော့ အားကစားလုပ်ရမှာကို သေလောက်အောင်ပျင်းတာကြောင့် အခုအားကစားကွင်းဘက်ကို သွားနေတာက နည်းနည်းတော့ ယုတ်တ္တိမရှိဘူးရယ်။

သူလည်းသွားချင်လွန်းလို့တော့မဟုတ်။
မတော်တဆ တမင်တကာ သတင်းကြားထားရှိတယ်။ ဒီနှစ်ဂျွန်ဂျောင်ဂုဟာBasketball ဝင်ကစားပါမယ်တဲ့။ကျောင်းတစ်ခုလုံး ဂျွန်ဂျောင်ဂုကို ကြောင်ချင်နေတဲ့အမျိုးကောင်းသမီးတွေအတွက်ကတော့ ငတ်နေတဲ့ခွေးအလှူတွေ့လိုက်ရသလိုပဲနေမယ်။

"ဟူး.. "

အားကစားကွင်းနား ရောက်ခါနီးလေလေခြေလှမ်းတွေနှေးလာလေလေ။
သူဂျောင်ဂုကို တွေ့ချင်တာလိုလို မတွေ့ချင်တာလိုလို။စကားတွေလည်းပြောချင်တာလိုလို မပြောချင်တာလိုလိုကြီးဖြစ်နေတယ်။
စဥ်းရင်းစားရင်း စဥ်းစားရင်းနဲ့ ဒီနေရာအထိ​တောင်ရောက်လာခဲ့တာဖြစ်တယ်။

We're Ex-boyfriends [Edited Version]Where stories live. Discover now