ရည်းစားဟောင်းနဲ့အုပြဿနာ

10.3K 875 125
                                    

ဒီနေ့က စနေနေ့ဖြစ်တယ်။ စနေနေ့မှန်းသာကြိုသိခဲ့ရင် သူအစောကြီးထမိမှာမဟုတ်။
အတန်းထဲမှာ လေပေါတာကပေါတာ တစ်ကဏ္ဍ။ ကျောင်းပိတ်တယ်ဆိုတဲ့အကြောင်းကို သူတို့ကြားအောင်တော့တီချယ်ပြောခဲ့သင့်တယ်။ကြားအောင်မပြောခဲ့တဲ့တီချယ်ကိုလည်းစိတ်ကောက်တယ်။ သတိမပေးခဲ့တဲ့ ပတ်ဂျီမင်းကိုလည်းကောက်တယ်။

နိုးလက်စနဲ့မထူးပါဘူးဆိုပြီး မီးဖိုခန်းထဲမှာ အာဂျုမားနဲ့အတူတူcup cakeတွေကူလုပ်ပေးနေလိုက်တော့တယ်။ သိတဲ့အတိုင်းသူကအမျိူးမှန်အရိုးခံလေး။

ကြာလာတာနဲ့အမျှကူလုပ်တာနည်းနည်းဆိုပေမယ့်လို့ ဂျုံမှုန့်တွေပေတလူးနဲ့ဖွေးနေပြီဖြစ်တယ်။ ကျ​နေတဲ့ရှေ့ဆံမြိတ်တွေကိုတော့ အာဂျုမားကကြက်တောင်စီးလေးစီးပေးထားတယ်။
မုန့်ဖုတ်တတ်တာ မဖုတ်တတ်တာက နောက်ထား အေပရွန်ကတော့ဝတ်ထားတာ အကျအနပါ။ဒါလည်းပဲ သူ့ဘာသူဝတ်တာမဟုတ်။မီယောင်းအာဂျုမား ဝတ်ပေးလို့သာ သပ်သပ်ရပ်ရပ်လေးဖြစ်နေတာပါရယ်။

"သားဟာကိုကြည့်အုံး.. ယုန်သခေါကြီးဖြစ်နေပြီ"

အနုပညာမြောက်လွန်းပြီး ခရင်မ်တွေပိုသွားတဲ့ Cupcake ကိုကြည့်ရင်း တစ်အိမ်လုံးသူ့အသံတွေဖုံးသွားတဲ့အထိ အော်ရယ်လိုက်ပါတယ်။ ရုပ်ကလေးလှတာတော့လှတာပဲ ရယ်လိုက်ရင်အုတက်အောင်ရယ်လိုက်ရမှအားရသလို နှာချေရင်လည်း မီတာတစ်ရာအတွင်းဆို ဘယ်သူမှစက်ကွင်းမလွတ်။
ဒါဘာဖြစ်လဲ နိုးပရောပလန်လေ။ ဘာပဲဖြစ်ဖြစ်သူကစောင်ချောကြီးဖြစ်နေတုန်းပဲ။

"ထယ်ထယ်.. Cupcake တွေရပြီဆိုတော့ ဂျောင်ဂုကီကိုသွားခေါ်လိုက်တော့..အာဂျုမား မင်းဦးလေးအတွက် မုန့်ထည့်ပေးဖို့ပြင်လိုက်အုံးမယ်"

အားလပ်ရက်ဖြစ်တာကြောင့် ကူပေးနေကျအလုပ်သမားကလည်းမလာ။ သူတို့အိမ်ရောဂျွန်အိမ်ရောက အပြင်လူခေါ်ရတာသိပ်သဘောမကျ။များသောအားဖြင့် အကူခေါ်ခဲသည်။ ဒါကြောင့်ဒီနေ့တော့ ဂျွန်ဂျောင်ဂုကိုသူမှသွားမခေါ်ရင် ခေါ်မယ့်လူကမရှိ။

သွားခေါ်ချင်လွန်းလို့တော့ဟုတ်မနေတာသေချာပါတယ်။ သူ့ကို Propose လုပ်ထားတဲ့လူမို့ ခပ်ကင်းကင်းသာဆက်ဆံချင်တာ ။
တကယ်ပါမညာပါ မုသာဝါဒ ဝေဍာမဏိသိက္ခာပဒံပါ။ အမှန်ဆိုသူ့အနေအထားကြီးနဲ့ သွားခေါ်ပေးစရာတောင်မလိုဘူး။
ဒါပေမယ့်လည်းမတတ်နိုင်။ လူကမွေးရာပါ မေတ္တာတရားကြီးမားတဲ့သူမို့လို့ အိမ်အပေါ်ထပ်ကိုသာတက်ခဲ့လိုက်တယ်။

We're Ex-boyfriends [Edited Version]Où les histoires vivent. Découvrez maintenant