သူ့ကိုIG မှာသွားအပ်ပြီးတဲ့အချိန်ကနေစပြီး သူပြန်လက်ခံမဲ့အချိန်ထိ စောင့်နေတာသူများတွေအတွက်တော့မသိပေမဲ့ မိမိအတွက်ကတော့တော်တော်လေးကိုကြာတဲ့အချိန်ပါ။
သူကသူ့account ကို lock ချထားတော့ သူတင်တဲ့ပုံတွေလဲ ဝင်ကြည့်လို့မရဘူး တစ်ချိန်လုံးသူ့ရဲ့ tain_lwar_ss ဆိုတဲ့ acc လေးကိုပဲထိုင်ကြည့်နေမိတာ အလုပ်ပျက်အကိုင်ပျက်။
ကိုထိုက်ကိုသူ့ဖုန်းနံပါတ်မေးထားပေမဲ့ အကျင့်ယုတ်တဲ့အကိုက ဒါလေးတောင်းတာကို တွန့်တိုနေပါသေးတယ် မမကိုများကြိတ်ကြိုက်နေတာလား။
ဖွဖွ လွဲပါစေဖယ်ပါစေ မမနဲ့ကိုထိုက်နဲ့ဘယ်လိုမှမလိုက်ဘူး ငါနဲ့မှဟုတ်တုတ်တုတ်ရှိသေး။
မမကအချေမယ်တော်လားမသိဘူး တစ်ရက်လောက်နေပြီး နှစ်ရက်မြောက်နေ့မှလက်ခံတယ် သူလက်ခံပြီးပြီးချင်းစကားသွားပြောထားပါတယ် Hi ဆိုပြီး အဲ့လိုလေးပြောဖို့ဘယ်လောက်အားမွေးထားရလဲ ရှင်တို့မသိပါဘူး။
မမကချေတယ်သိလား ပြန်လဲမပြောသေးဘူးခုထိ သူပြန်ပြောတာလေးစောင့်နေရင်းနဲ့ သူ့accထဲဝင်မွှေလိုက်တော့ မမကဓာက်ပုံစားချက်ပဲ ပြီးတော့ရိုက်ထားတဲ့ပုံစံလေးတွေက ခလေးဆန်ဆန်လေးတွေ ချစ်စရာလေး။
ပုံတွေsave လို့မရတော့လဲ screenshotရိုက်ပြီးသိမ်းရတာပေါ့ အခုလိုကျတော့လဲ ဘဝလေးကသာယာလို့နေပါသည်။
"အငယ်မ..ဘာလုပ်နေတာလဲ.."
နှိုင်းတစ်ယောက် ssရိုက်ထားတဲ့ တိမ့်လွှာ့ပုံတွေကို ကြည့်နေတုန်း ဘယ်ချိန်ကသူ့နားရောက်နေမှန်းမသိတဲ့ ထိုက်စံကြောင့် အဖေဖြစ်သူကိုတပြီးအော်လိုက်မိပါသည်။
"အမလေး အော်လိုက်တာ နှိုင်းရာ နင်ဟာလေအကျင့်ကိုမပျော်ဘူး ဘာတွေ့ကြည့်နေလို့အကိုတစ်ယောက်လုံး သူ့ဘေးနားရပ်နေတာကို မမြင်ရတာပြစမ်းပါ ဘာကြည့်နေတာလဲ"
"ဟာ..ကိုထိုက်ကတော့ တကယ့်အဖျတ်သမားဗျာ ကြည့်ကြည့် အဲ့မှာကိုထိုက်သူငယ်ချင်းပုံတွေပဲရှိတယ် တကယ်ပဲ အကျင့်ကိုမကောင်းဘူး ကိုထိုက်က ဒီမှာဖိလ်းပျက်သွားပြီ.."ထိုက်စံ သူညီမဖြသ်သူဖုန်းကိုယူကြည့်လိုက်တာ သိပ်မများလှတဲ့ တိမ်လွှာ့ပုံတွေကြီးပါ ဘယ်လိုမျိုးနဲ့တောင် IG ကသွားမလာခဲ့လဲမသိပါ။
![](https://img.wattpad.com/cover/165583341-288-k913798.jpg)
VOCÊ ESTÁ LENDO
မြတ်နိုး၍ချစ်ခဲ့သည်-မြတ်နိုး၍ချစ်ခဲ့သည် [Completed-3]
RomanceG x G (OC) ~Drama x Romance x Comedy~ About - Past in the Future