အပိုင်း ' 11 ' (ဇာက်​သိမ်းပိုင်း)

5.9K 254 5
                                    

မနတ်​​စော​စောစီးစီးလို့​ပြောရ​အောင်​လဲ မနတ်​ ၇ နာရီဆိုတာ အရမ်းကြီးလဲမ​စောလွန်းလှတဲ့အချိန်​ပါ...တစ်​ချို့က​တော့ အိပ်​​ကောင်း​ကောင်းနဲ့ မိုး​​အေး​အေး​လေးနဲ့​ကွေး​နေမဲ့သူများရှိ​နေနိုင်​​သော်​လဲ ​မေနှိုင်း ဆိုသူ ​ကောင်​မ​လေးတစ်​​ယောက်​က​တော့ လက်​ကနာရီကြည့်​လိုက်​ သူမရပ်​​နေသည့်​အိမ်​​ရှေ့မှာ ချိုင့်​​လေးတစ်​လုံးကိုင်​က ဘယ်​ညာ​လမ်း​လျောက်​​နေမိသည်​မှာ ၁၅ မိနစ်​​လောက်​ပင်​ရှိ​တော့မည်​။

"ဟာ...မသိဘူးကွာ...ဒီ​နေ့​တော့မမကို​တွေ့ရမှဖြစ်​မယ်​..."

ထိုသို့ဆိုကာ ခြံတံခါး​ဘေးက လူ​ခေါ်ဘဲလ်​ကိုနိုတ်​လိုက်​​တော့ အိမ်​ထဲက​နေ ဖြူလွှလွှခန္ဓာကိုယ်​​လေးက​ပြေးထွက်​လာတယ်​ အိမ်​​နေရင်းအ၀တ်​အစားဖြင့်​ အ​ပေါ်အကျီ င်္လက်​ရှည်​အပါး​လေးကိုထပ်​၀တ်​ကာ ခြံတံခါးလာဖွင့်​​ပေးတဲ့မမက သူမစိတ်​ထင်​ပိန်​သွားသ​ယောင်​။

မမကသူ့ကို ရုတ်​တရပ်​​တွေ့လိုက်​ရလို့ပဲလာ!းမသိ မမရဲ့မျက်​၀န်းများက အံသြ​မှု​အရိပ်​အ​ရောင်​​တွေသူမမြင်​လိုက်​ရ​သေးသည်​။

"နှိုင်း...ဘယ်​လိုဖြစ်​တာလဲ လက်​ကဒဏ်​ရာက အကင်းမ​သေးဘူးမဟုတ်​လား ဒီချိုင့်​​တွေက​ကောဘာ​တွေလဲ..."

သမီးလိုချင်​အ​မေဖားဆိုသလို​တော့မဟုတ်​​ပေမဲ့ မမမျက်​နှာတစ်​ကမ္ဘာထင်​​နေတဲ့သူမအတွက်​က​တော့ ထိုသို့လုပ်​သင့်​ရင်​လုပ်​ရမည်​ အဘယ်​​ကြောင့့်ဆို​သော်​ မမကမှ သူ့ကိုပြန်​မ​သေးတာကို။

မမရဲ့​မေ​မေ သူမ၏ ​ယောက္ခမကြီးက မုန်​ဟင်းခါးကြိုက်​သည့်​အတွက်​​ကြောင့်​ မနတ်​​စောစာ ​ယောက္ခမကြီးကြိုက်​တက်​သည့်​ ဟင်္သာတ မုန့်​ဟင်းခါးဆိုင်​မှာ ကြိုတင်​မှာယူထားကာ အခုလာပို့ခြင်းဖြစ်​သည်​။

"ဟို...အန်​တီက မုန့်​ဟင်းခါးကြိုက်​တယ်​​လေ အဲ့တာလမ်းကြုံလို့...အဲ့တာ..."

နှိုင်း​ပြောတဲ့စကားအား တိမ်​လွှာ သိပ်​မယုံခြင်​ မနတ်​အစာကြီး သူ့အိမ်​နဲ့ကိုယ့်​အိမ်​ လမ်းကြုံလို့ တကူးတက မုန့်​ဟင်းခါးလာ​ပေးတာ ဖြစ်​နိုင်​ပါ့မလား ဒီခ​လေးမ​လေးက မဟုတ်​တာကို ကြံဖန်​​ပြောတက်​တာ။

မြတ်နိုး၍ချစ်ခဲ့သည်-မြတ်​နိုး၍ချစ်​ခဲ့သည်​ [Completed-3]Hikayelerin yaşadığı yer. Şimdi keşfedin