အပိုင်း ' 6 '

4.2K 204 13
                                        

မနတ်​အိပ်​ယာနိုးထဲက ​မေနှိုင်းတစ်​​ယောက်​ size ပြည့်​ဂိုက်​ပြည့်​နဲ့ တိမ်​လွှာနဲ့​တွေ့ရမည့်​အဖို့​သေချာပြင်​ဆင်​​နေပါသည်​။

"အငယ်​မ...နင်ဘာဖြစ်​​နေတာလဲ ဒီ​နေ့အ​စောကြီးနိုး​နေလို့ပါလား ပြီး​တော့ နင်​​ရေ​မွှေးသုံးထားတာလား မွန်​ထူ​နေတာပဲ"

ပြောလဲ​ပြောချင်​စရာပါပဲ​လေ ပုံမှန်​​မေနှိုင်းအိပ်​ယာထချိန်​က အခုလိုမနတ်​​စော​စောစီးစီးမှမဟုတ်​တာ ပုံမှန်​ဆို နှိုင်းအဖို့ ​ရေ​မွှေးမသုံးတက်​​ပေမဲ့ ဒီ​နေ့သူ့မမနဲ့​တွေ့ရမှာမို့ ​ရေ​မွှေးဆွတ်​ထားခြင်းကို အကိုဖြစ်​သူကစ​နေပါ​တော့သည်​။

ပါးစပ်​ကနှားရွက်​ ချိန်​မတက်​ပြုံးဖြဲ​နေပြီး အကိုကစ​နေတာ​တောင်​ အပြုံးမပျက်​တဲ့​မေနှိုင်းရယ်​ပါ။

"ဟီး...​မွှေးတယ်​မလား...ဒါအထူးစပယ်​ရှယ်​​ရေ​မွှေး​လေ ဒီ​နေ့မမ နဲ့​တွေ့ရမှာမို့ အ​စောကြီးနိုး​နေတာ ဟဲဟဲ"

သူ့ညီမက တိမ်​လွှာနဲ့ပတ်​သက်​ရင်​ရူး​နေတယ်​လို့​ပြောရမလား တစ်​ကိုယ်​လုံး​ရေ​မွှေးကန်​ထဲပြုတ်​ကျထားသလိုမွှန်​ထူ​နေတာ​တောင်​ ဘယ်​လိုမှမဖြစ်​တဲ့ပုံစံဆို​တော့...​အဟက်​..​ပျော်​ပါညီမ​လေးရယ်​ ညီမ​လေးအဲ့လိုစိတ်​ချမ်းသာ​နေရင်​ ဒီကအကိုက၀မ်းသာလွန်းလို့ပါ။

"ဟုတ်​ပါပြီ​တွေ့တာလဲ​တွေ့ပါ ဒါ​ပေမဲ့​နောက်​​နေ့ကျရင်​​တော့ငါ့ကို အကျိုးအ​ကြောင်း​လေးလာ​ပြောပါအုန်း ကိုထိုက်​ နင်​တို့နှစ်​​ယောက်​ရဲ့ ဇာက်​လမ်းကိုစိတ်​၀င်​စားလို့"

မနတ်​ဆာစားတာ​တောင်​ ပြုံး​ပျော်​​နေတဲ့ညီမ​လေးကိုကြည့်​ပြီး ဖြစ်​​နေတဲ့အ​တွေးကတစ်​ခုပဲရှိတယ်​ သူတို့နှစ်​​ယောက်​အဆင်​​ပြေပါ​စေ​ပေါ့ ညကျရင်​ဆူဇံရှိကိုစာပို့ထားအုန်းမှပါတိမ်​လွှာ​ပြောင်းလဲလာတယ်​ဆိုတဲ့ အ​ကြောင်း။

နှိုင်းသူ့ကားနဲ့ပဲ တိမ်​လွှာသို့အိမ်​ကိုထွက်​လာခဲ့ပါ​တော့တယ်​ သူမတို့နှစ်​​ယောက်​မ​နေ့ညက အချိန်းအချက်​လုပ်​ဖြစ်​တယ်​​လေ တိမ်​လွှာ့ကိုနှိုင်းကလာ​ခေါ်ဖို့။

မြတ်နိုး၍ချစ်ခဲ့သည်-မြတ်​နိုး၍ချစ်​ခဲ့သည်​ [Completed-3]Where stories live. Discover now