မနေ့တနေ့ကပြန်မတ်တဲ့အိပ်မတ်ရယ်ကြောင့် ဘာလုပ်လုပ်အဆင်မပြေခဲ့ရ အလုပ်မှာလဲအလုပ်မို့စိတ်ဆက်နေမိကာ...အခုလဲ စကိတ်စီးရင်း စိတ်ဖြေမယ်ကျန်ကာမှ တစ်နေလုံးဘာဖြစ်နေမှန်းမသိ စီးရတာစိတ်မပါခဲ့ပါ။
ဘယ်လောက်တောင် စိတ်နဲ့ကိုယ်နဲ့မကပ်လဲမသိခဲ့ စကိတ်စီးနေရင်း စကိတ်ဘုတ်ပြားပေါ်မှာချော်ကျကာ မမြင့်တဲ့ဂုန်းလေးပေါ်ကနေချော်ကျပြီး လက်ထောက်မိကာ ထိုလက်မိသောနေရာမှ အုပ်နီခဲများပုံထားသောပေါ်သို့ တည့်တည့်မတ်မတ်ပြုတ်ကျခဲ့သည်။
တော်သေးသည်မှာ လက်ထောက်မိ၍သာ သွေးထွက်ခဲ့ပေမဲ့ ခေါက်းနဲ့ကျရင် အထိတော်တော်နာလိမ့်မည်ဖြစ်သည်။
"အား..."
ခလုပ်ထိမှအမိတသလို ထိုသို့ဖြစ်လေကာမှ အသိစိတ်ပြန်ကပ်ပြီး သူနဲ့အတူစကိတ်လာစီးသည့်ရှင်းသန့်ကိုသတိရမိသည်။
သူမအသံကိုကြားလို့ထင်ပါရဲ့ ရှင်းသန့်လဲသူထိုင်နေသောနေရာမှအပြေးရောက်လာခဲ့သည်။
"ဟာ...သတိထားလေနှိုင်းရာ...နင်ဟာလေ အရာရာနဲ့အကြောင်းကြောင်းကြီးပဲ ဒီကိုစလာထဲကနင့်ရဲ့စကိတ်ဘုတ်ပြားပေါ်အာရုံကိုမရှိဘူး အခုကြည့် သွေးတွေထွက်ကုန်ပြီ လက်ကထပ်ထိပြန်ပြီ..."
"အေးပါရှင်းသန့်ရာ...ငါအတွေးလွန်သွားလို့ပါဟာ...ငါ့ကိုထူပါအုန်း ငါ့လက်လှုပ်မရတော့ဘူး လက်ကိုဖိမိသွားတာဘာဖြစ်သွားလဲမသိဘူး ဆန့်လို့မရတော့ဘူး နဲနဲလေးလှုပ်တာနဲ့နာနေတာ..."ဖြစ်လိုက်တိုင်း ညာလက်ကြီးပဲဆိုတော့ ကိုယ့်ကိုယ်ကိုသြချမိသည်...ရှင်းသန့်ကတော့ ဂရုတစိုက်နဲ့ကားပေါ်သေချာခေါ်လာပြီး လက်ကိုထပ်မထိခိုက်မိအောင်သေချာလုပ်ပေးသော်လဲ ဆေးရုံသွားရာတစ်လမ်းလုံး ဘားမှလဲမမေး ဘားမှလဲမပြောနဲ့ ကားကိုသာမောင်းနေပြီး မျက်မှောင်ကြီးကြုမ့်ထားရာ ကိုယ့်မှာခံစားရတဲ့အနာဒဏ်ကသူ့ကြောင့်နာတယ်လို့ မအော်ရဲသလောက်ပင်။
"ရှင်းသန့်...နင်ကလဲ စကားလဲမပြောဘူး...ဘာလို့လဲဟင်..."
"နင်မေးရက်သေးတယ်နော် နှိုင်...ကျန်တဲ့အချိန်တွေဆိုနင်ထိခိုက်ရင် ငါဘားမှမဖြစ်ပေမဲ့ အခုလိုစကိတ်စီးရင် သတိထားဖို့ နင့်ကိုငါ အတန်တန်သတိပေးထားပါရဲ့နဲ့ အခုကြည့် နင်ထပ်ပြီးထိခိုက်ပြန်ပြီ နင်ငါ့နေရာကနေတစ်ခေါက်လောက်ဝင်ခံစားကြည့်စမ်းပါ နင့်ကိုငါဒီစကိတ်စီးတာကိုထပ်လုပ်စေချင်တာမဟုတ်ဘူး နင်ကိုယ်တိုင်ကစွဲလမ်းလွမ်းလို့သာငါဘားမှမပြောတာ အရင်တုန်းကငါမတားခဲ့မိလို့ငါတို့တွေ အဖြစ်ဆိုးကိုကြုံတွေ့ခဲ့ရတာ နောက်တစ်ခါထပ်ပြီး နငိ့ကိုစကိတ်နဲ့ပတ်သက်ပြီး ဒဏ်ရာရတာငါမမြင်ချင်လို့ပါနှိုင်းရာ..."
BẠN ĐANG ĐỌC
မြတ်နိုး၍ချစ်ခဲ့သည်-မြတ်နိုး၍ချစ်ခဲ့သည် [Completed-3]
Lãng mạnG x G (OC) ~Drama x Romance x Comedy~ About - Past in the Future