ကိုယ့်မှာ နှိုင်းရဲ့ရောဂါကိုအမြစ်ပျက်စေရန်အလို့ငှါ တစ်လလုံးRun နေရတာ နှိုင်းနဲ့စကားတောင်သေချာမပြောဖြစ်ခဲ့ပါ..ဒါကြောင့်...နှိုင်းပြန်ရောက်လို့အိပ်ခါနီးအချိန် ထိုက်စံမှာ နှိုင်းရဲ့အခန်းထဲကိုသွားကာ စကားစမြည်ပြောရန်လာခဲ့သည်။
Knock...Knock!
"အငယ်မ...အိပ်ပြီလား..."
"ဟင်...မအိပ်သေးဘူးကိုထိုက်...ဘာလို့လဲ..."တံခါးခေါက်သံကြောင့်နှိုင်းလဲ ဖွင့်ပေးပြီးခုတင်ပေါ်ပြန်လာတော့ ထိုက်စံကလဲ နှိုင်းနဲ့အတူ အခန်းထဲဝင်လာကာ ခုတင်ဘေးက ထိုင်ခုံမှာထိုင်ပြီး ဖုန်းသုံးရင်းပြုံးနေတဲ့နှိုင်းကိုကြည့်နေလဲ့သည်။
ဝင်လာပြီးဘာစကားမှမပြောတဲ့အကိုဖြစ်သူကြောင့် သုံးလက်စဖုန်းကိုချကာ ခေါင်းအုံးဆွဲယူလို့တင်မလိင်ခွေထားတဲ့ပေါင်ပေါ်တင်လိုက်ပြီး ထိုက်စံဘာပြောမလဲဆိုတာ နားထောင်ဖို့စောင့်နေသည်။
"အခုတလော အငယ်မနင်...ခြေလှမ်တွေပျက်နေတယ်နော် အားနေ ဆေးရုံကိုပဲသွားနေတယ် အဖေမသိသေးဘူးမဟုတ်လား တိမ်လွှာနဲ့အကြောင်းကို..."
"ဟာ...ကိုထိုက်ကလဲ အဲ့လိုမပြောပါနဲ့ ဒါကချစ်သူတိုင်းလုပ်ပေးသင့်တာပဲလေမဟုတ်ဘူးလား မမအလုပ်ပြန်ချိန်လေးပဲနှိုင်းကကြိုပေးရတာ ပြီးတော့ ဖေဖေ့ကိုလဲနဲနဲလေးအရိပ်အမွတ်ပြောထားပါတယ် ဖေဖေကအရင်ကတော့နှိုင်းစိတ်ကြိုက်လုပ်တဲ့ အဲ့တာကြောင့် ဖေဖေ့အတွက်ကအေးဆေး..."တိမ်လွှာ့အကြောင်း နှိုင်းသည်အလုံးစုံသိချင်သိမယ် သို့သော် နှိုင်းကတော့ တိမ်လွှာ့အဖေအကြောင်းသိအုန်းမည်မဟုတ်သေးတာကိုတော့ သူသိသည်။
ညီမဖြစ်သူကခေါင်းမာတက်တဲ့အကျင့်ကြောင့်တားမရမှာသိပေမဲ့ ကျန်တာမသိပေမဲ့ ဖေဖေပြီးရင် နှိုင်းအတွက်တာဝန်ရှိသူက သူဖြစ်သင့်အလျောက် နှိုင်းအတွက်ကောင်းမယ်ထင်တဲ့လမ်းကို လမ်းပြရန်မှာ သူ့တာဝန်ဖြစ်သည်ဟုသက်မှတ်ထားတဲ့အတွက် တိမ်လွှာ့အဖေဖြစ်သူ ပြန်လာလျှင် အကျိုးသငိ့အကြောင်းသင့်အရင်ဦးဆုံးပြောပြထားရန် သူ့မှာတာဝန်ရှိသည်။
CZYTASZ
မြတ်နိုး၍ချစ်ခဲ့သည်-မြတ်နိုး၍ချစ်ခဲ့သည် [Completed-3]
RomansG x G (OC) ~Drama x Romance x Comedy~ About - Past in the Future