7

648 32 0
                                    

ဟိုခလေးမလေး သူ့ကိုဖုန်မဆက်တာ တစ်ပတ်ကြာခဲ့ပြီ အရင်ကဆို တစ်ရက်တစ်ခါ ဒါမှမဟုတ် တစ်ရက်နှစ်ခါလောက်တော့ သူ့ကိုဖုန်းဆက်တက်သည်။

ဆေးရုံမှာ ဆေးလာစစ်တဲ့အချိန်ကလွဲရင် သူ့ရဲ့မျက်နှာကိုမြင်ရဖို့မလွယ် ဟိုတစ်လောကများ သူနဲ့စကိတ်ကွင်းကိုလိုက်တုန်းက စိတ်ဆိုးတဲ့လေသံနဲ့ပြောလိုက်လို့များသူ့ကိုစိတ်ဆိုးသွားတာလားဆိုပြီး မဆီမဆိုင်တွေးမိပြန်ပါရော။

သူမလဲသူ့ကိုသူမသိတော့ဘူး...ဘာလိုဒီခလေးမကိုမှလိုက်ပြီးစိတ်ပူနေတာလဲဆိုတာ။

စိတ်ရှုတ်ရှုတ်နဲ့ ဆေးရုံကသူ့အခန်းထဲမှာထိုင်နေတာတောင် အလိုလိုနေရင်းပူလာသလိုလိုမျက်လုံးကမမျော်လင့်ပဲ စားပွဲပေါ်ကဓာက်ပုံကိုကြည့်မိတော့ တွေးလက်စအတွေးတွေကော လုပ်လက်စအလုပ်တွေကောဘားမှဆက်မလုပ်ဆက်မတွေးနိုင်တဲ့အထိ။

သူ့အသိဉာဏ်တွေထဲမှာ သူရယ်သော်တာဘုန်းရယ် အတူပျော်ခဲ့ဖူးတဲ့အချိန်တွေ အတူကြည်နူးခဲ့ရတဲ့အချိန်တွေ ငိုကြွေးခဲ့ရတာတွေ ပြီးတော့ နှိုင်းနဲ့ပျော်ရွင်ခဲ့ရတဲ့အချိန်တွေ ကြည်နူးမှုတွေ အစရှိသောအရာတွေအားလုံးသူ့မှတ်ဉာဏ်ထဲပြန်မြင်နေရလေတော့သည်။

"ဘုန်း...ငါ...ငါ...နင့်ကိုမေ့နေတာမဟုတ်ပါဘူးဟာ...သူ..သူကိုမြင်ရင် ငါ့စိတ်ထဲတစ်မျိုးကြီးပဲဟ ပြီးတော့...ပြီးတော့..သူပြုံးလိုက်ရင် သူစကားပြောရင် နင်နဲ့သိပ်တူတာ...အဲ့တာကြောင့်..အဲ့တာကြောင့်..ငါ..နင့်ကိုသတိမရတာမဟုတ်ပါဘူး..."

အကြောင်းအဆက်ဆက်မရှိမျက်ရည်ဖြိုင်ဖြိုင်စီးကျလျှပ် တိမ်လွှာ တစ်ယောက်ထဲသူမအခန်းထဲမှာ ငိုရိုှက်နေမိသည်။

ဒါပေမဲ့ငိုနေတုန်း စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကရုပ်တရက်ထမြည်လေတော့ Caller name ကိုကြည့်မိတော့ နှိုူ်င်း...။

ကိုင်သင့်မကိုင်သင့်ဆိုတာထပ် အခုချိန်သူတစ်ယောက်ထဲနေတာထပ်စရင် အဖော်တစ်ယောက်ယောက်နဲ့နေတာ သူမစိတ်အဆင်ပြေမယ်ထင်ရ၍ Answer ခလုပ်ကိုနိုပ်လိုက်ပါသည်။

"ဟယ်လို..."
"ဟယ်လို...မမလား...နှိုင်းပါ...နှိုင်းလေ...မမနဲ့တွေ့ချင်လို့...ပြီးတော့ပြောစရာလဲရှိတယ် အဲ့တာအခု မမတို့ဆေးရုံကိုလာနေတာရောက်တော့မယ် မမအချိန်ရရင် နှိုင်းကိုခဏလောက်တွေ့ပေးပါနော်..."

မြတ်နိုး၍ချစ်ခဲ့သည်-မြတ်​နိုး၍ချစ်​ခဲ့သည်​ [Completed-3]Tempat cerita menjadi hidup. Temukan sekarang