4

680 31 1
                                    

"ဟင်း..နေကလဲပူချက်ပဲ ငါ့အသားတွေတော့မဲတော့မှာပဲ အဲ့တာကြောင့်အပြင်မထွက်ချင်တာ ဒါကိုဟိုမေနှိုင်းမ ငါ့ကိုတော်တော်ဒုက္ခပေးတယ်..ငါကလဲငါပဲ ဘာလို့သူ့အတွက်နဲ့ ဒီJC ထိရောက်လာတာလဲ အဟင့်ရှင်းသန့်လေးမင်းကံမကောင်းဘူး တွေ့မယ်သူ့ဆီသွားပြီးတော့ကိုနိုတ်ဆက်အုန်းမှာ.."

ရှင်သန့်တစ်ယောက် JC မှာရှိသမျှဖိနပ်ဆိုင်တွေထဲ ယောက်ျားလေးဒဏ်မဲ့ဝင်တစ်ခေါက်ထွက်တစ်ခေါက်ဖြင့် ပါးစက်ကပွစိပွစိလုပ်ကာ ဟိုငေးဒီငေးလုပ်နေပါသည်။

ပစ္စည်းကောင်းလားမကောင်းလားမေးနေတာလဲ မိန်းခလေးတွေထပ်ပိုဆိုး အဲ့တာကြောင့်အခုထိလင်မရသေးတာ။

သူ့စိတ်ထဲကျေနပ်သွားပြီ နှိုင်းကြိူက်လောက်သည်ဆိုမှပဲ ဝယ်လို့ပြီးပါတော့သည် ငွေရှင်းပြီးဖိနပ်ဆိုင်မှအထွက် တစ်ဖတ်ကလာနေတဲ့လူတစ်ယောက်နဲ့တိုက်မိပါတော့သည် ဟိုကလူကောင်ကြီးကြီးဆိုတော့ ရှင်းသန့်ခမျာ သူ့ခန္ဒာကိုယ်လေးက သေးသေးလေးဆိုတော့ဖင်ထိုင်ရပ်လဲကျသွားပါသည် တစ်ဖတ်လာကတော့ဒီလောက်လေးတိုက်မိတာ အခုလောက်ထိလဲကျဖို့လိုလို့လားဆိုပြီး မျက်လုံးအပြုးသားဖြင့် သူ့ကိုကြည့်နေပါသည်။

"အင့်...အား..သေပါပြီ..အဟင့်..ဟိုလူကြီး ခင်များလူတစ်ယောက်လုံး လာနေတာ ဒီမှာ..အဲ့လိုကြီးပဲကြည့်မနေနဲ့လေဗျာ နဲနဲပါးပါးလေးထူပေးအုန်းလေ အသက်ကဖြင့်ဖင်စောင့်နေပြီ လုမှုရေးကျတော့အသိတက်လိုက်တာ.."

တဖတ်ကလူကတော့ တော်တော်လေးအပြောခံလိုက်ရလို့ မကေ်နှာကြီးမှာနီရဲနေတာပဲ ပတ်ဝန်းကျင်ကလူတွေကလဲ ကွက်ကြည့်ကွက်ကြည့်နဲ့။

"ဒီမှာ ခလေး မင်းအရင်ငါ့ကိုလာတိုက်တာလေ မင်းဘာသာဟိုကြည့်ဒီကြည့်လုပ်နေပြီး ငါ့ကိုဝင်တိုက်ပြီးတော့..မင်းဘာသာတိုက်ပြီးမင်းဘာသာလဲကျတာလေ ငါနဲ့ဘာဆိုင်လဲ မထူဘူးကို့ဘာသာထ.."
"ခင်များထူမှာလားမထူဘူးလား မထူရင်ကျွန်တော်ငိုမှာနော်.."

တဖတ်လူခမျာ ခေါင်းတွေတောင်ကြိမ်းသွားတယ် သူ့ဘာသာနေနေရင်းနဲ့မှ ဝင်တိုက်မိတဲ့ခလေးသာသာကောင်လေးကြောင့် ထူရခတ်မထူရခတ် ခေါင်းကုပ်လိုက်ဘေးပတ်ဝန်းကျင်ကို ပြုံးဖြီပြလိုက်နဲ့ အောက်ကသကောင့်သားကလဲ သူမထူမချင်းထိမဲ့ပုံမပေါ်။

မြတ်နိုး၍ချစ်ခဲ့သည်-မြတ်​နိုး၍ချစ်​ခဲ့သည်​ [Completed-3]حيث تعيش القصص. اكتشف الآن