8

658 31 0
                                    

"ဟေ့လူ...ခင်များ ကျွန်တော့်ကိုဘယ်ခေါ်လာတာလဲ...ခင်များကိုကျွန်တော် သိပ်ကြည်တာမဟုတ်ဘူးနော်..."

ဒီအကောင်ပေါက်တစ်ကောင်ကို စိတ်ရှိလက်ရှိတိုင်းသာ ကိုင်ပေါက်ပစ်ချင်လှသည် ကိုယ့်မှာတော့သူ့ကိုချော့ဖို့လုပ်ထားတာ ဒါကိုဂဂျီဂဂျောင်နဲ့ ဖုန်းဆက်တာလဲမကိုင် စာပို့တာလဲအဖတ်မလုပ် နောက်ဆုံး သကောင့်သားအိမ်ကိုလူကိုယ်တိုင်သွားခေါ်မှပဲ လိုက်လာသည် လိုက်လာတာထပ် အတင်းခေါ်လာရတာဆိုပိုမှန်မည်။

သူ့မိဘတွေကတော့ကိုယ့်ကိုဘယ်လိုထင်မလဲမသိဘူး ကိုယ့်မှာတော့ သူနဲ့မတွေ့ရတဲ့တစ်ပတ်အတွင်းမှာလူကခွေးအကြီးလှည်းနင်းခံရသလိုပဲ အိမ်ကလူကြီးတွေတောင်ပြောတယ် သားရည်းစားပူမိနေတာလားတဲ့ ပြန်ပြောလိုက်ပါတယ် ရည်းစားပူမိတာမဟုတ်ဘူး အကောင်ပေါက်တစ်ကောင်ကြောင့်နေမထိထိုင်မသာဖြစ်နေတာလို့။

ထိုက်စံပြောသလို မိသားစုလူမှုရေားအသိုင်းအဝိုင်းထပ် လောလောဆယ် သူနဲ့ပတ်သက်တဲ့ သူ့ဘဝအရေးအတွက်ပဲဦးစားပေးလို့ သူ့ရှေ့ကဖြူဖွေးဖွေးအကောင်ပေါက်လေးကိုပဲ သူ့စိတ်တွေအကုန်ပေးထားတော့မယ်။

ကိုယ်တိုင်က ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ကွဲကွဲပြားပြားသိသွားပြီဆိုတော့ ကျန်တာတွေကိုသိပ်ပြီးခေါင်းထဲမထည့်တော့ဘူး အရေးကြီးတာဒွကောင်လေးရဲ့စိတ်သဘောထားကိုသူသိဖို့ နောက်ပိုင်းကျမှ မိဘတွေလက်ခံနိုင်အောင်ကြိုးစားတော့မည်။

"ပြောမဲ့အရေးပြောဗျာ ခင်များမျက်လုံးကြီး ကျုပ်ဆီကပ်နေအုန်းမယ် တကယ်ထဲလူကိုကြည့်နေတာဝါးစားမတက်ပဲ"

ထိုလူကြီးအဲ့လိုတွေကြည့်ပါများတော့ လူကအစထဲက ကိုယ့်စိတ်ကိုမနိုင်ပါဘူးဆိုမှ ဘယ်လိုမှသူ့အကြည့်စက်ကွင်းကမလွှတ် ကိုယ့်မှာသူ့နားနေရင်တောင်အလိုလိုနေရင်းရင်ခုန်ပါတယ်ဆို အခုလိုကြီးကိုယ့်ပဲကွက်ကြည့်နေတော့ ကန်တော့ပါရဲ့ ဖင်တောင်ကြိမ်းလာသည်။

အကြံလေးဘာလေးရမလားလို့ ဒင်းကိုစိတ်ကောက်နေတဲ့ တစ်ပတ်လုံး နှိုင်းဆိုင်မှာသွားနေပါတယ် နှိုင်းဆိုတဲ့ဟာမကြီးကလဲ သူ့အပူသူမိနေပြီး ကြက်ကြီးလည်လိမ်ထားတဲ့အတိုင်း တစ်နေ့တစ်နေ့ သူ့ရဲ့ဆိုင်က ကိုယ်ပိုင် private အခန်းထဲမှာငူငူငိုင်ငိုင်နဲ့ အကူအညီတောင်းမဲ့ကိုယ်က သူ့ကိုပြန်ပြီးတော့ဖေးမနေခဲ့ရသေးသည်။

မြတ်နိုး၍ချစ်ခဲ့သည်-မြတ်​နိုး၍ချစ်​ခဲ့သည်​ [Completed-3]Onde histórias criam vida. Descubra agora