5

663 34 0
                                    

"ဟက်..မေနှိုင်းမ နင်ဟိုနေ့က နင့်မမနဲ့တွေ့တာဘယ်လိုအခြေအနေရှိလဲ"
"ဘယ်လိုပဲအခြေအနေရှိရှိပေါ့ဟယ် နင်နဲ့ဆိုင်တာကြလို့"

အပြောချင်တာလဲမဟုတ်ပဲနဲ့ ဈေးကိုင်နေတဲ့ဂျိုသားမ သူ့ပေါ်တက်ပြီးလည်ပင်းထညစ်ရင် မကောင်းရှိတော့မယ် သိချင်စိတ်ကို လာလာစွနေတယ်။

"ဆိုင်ဆိုင်မဆိုင်ဆိုင်ပေါ့ နင်နဲ့နဲ့မမကတန်လို့လား ဟိုကချောချောလေး မန္တလေးသူလို့တောင်မထင်ရဘူး ဖြူဖြူလုံးလုံးလေး နင်လို့ပိန်ပိန်ညောင်ညောင် နံပါတ်ဖိုးဖြစ်နေတဲ့ရုပ်မျိုးမဟုတ်ဘူး.."

စောင်ကျက်သရေတုန်းကောင် သူ့ရှေ့ကပန်ကန်တွေနဲ့ပိတ်ပတ်ရင် မကောင်းရှိတော့မယ် လုပ်ကျွေးရတဲ့မျက်နှာကိုမှမထောက်။

"နင့်ရှေ့ကပန်းကန်တွေနဲ့နင့်မျက်နှာမိတ်ဆက်ချင်နေလို့လား ရှင်းသန့် နင်အခုသူများရဲ့မသထာရေစာတွေကိုနင်စားသောက်နေတာနော် စားဘိုးနင့်ပြီးမာလကီးယားနေမယ်.."

ရှင်းသန့်လေးခမျာ သောက်လက်စရေတောင်သီးသွားပါသည် သူငယ်ချင်းနှစ်ယောက်ယဉ်ယဉ်ကျေးကျေးပြောနေကျတာ ဘေးလူတွေကတော့ဘယ်လိုထင်မလဲမသိ။

"ငါကနင်အလှူလုပ်ဖြစ်အောင်စားပေးတာ ငါ့ကိုကျွေးမွေးရတာလဲ နင်ကုသိုလ်ရတာပဲလေ တရားနဲ့ဖြေစမ်းပါ ပြီးတော့ နင်တစ်ကိုယ်လုံးက ခေါင်းကခြေဖျားအဆုံး ငါပြင်ပေးဆက်ပေးထားရတာလဲ ပြန်တွေးကြည့်အုန်း ခလေးမ ကျေးဇူးရှင်ကိုမပြစ်မှားနဲ့ ကံကြီးထိုက်မယ်"

နှစ်ယောက်လုံးက ချမ်းသာပါရဲ့နဲ့တစ်ယောက်နဲ့တစ်ယောက် ညာစားနေကျတာ ပြီးတော့သူတို့ပဲမခွဲနိုင်မခွာနိုင် တော်တော်ကောင်းတဲ့အနှီဖအေမတူမအေကွဲမောင်နှမတွေ။

"အေးပါ ပြောထားအုန်းပေါ့သားလေးရယ် နောက်တစ်ခါနင့်အတွက် ငါစားစရာလုပ်ပေးရင် ပိုးဟက်တွေထည့်ချက်ပေးမယ် အဲ့ခါကျမှ ဖင်လိပ်ခေါင်းထွက်တဲ့အသံနဲ့လာမခေါ်နဲ့.."

မနိုင်ရင်နိုင်ရာချက်ကောင်းကိုင်တာတော့မဟုတ်ပါ ဒီအနှီကောင်က ဒီဟာနဲ့ခြောက်မှကြောက်တာ ယောက်ျားလေးဖြစ်ပြီး ပိုးဟက်ကြောက်တဲ့ လူထူးဆန်းဂျိုသားကောင်။

မြတ်နိုး၍ချစ်ခဲ့သည်-မြတ်​နိုး၍ချစ်​ခဲ့သည်​ [Completed-3]Where stories live. Discover now