2

942 39 1
                                    

"Hello!..ပင်ပန်းနေပြီလား.."
"ဟင်း..ပင်ပန်းတယ်လို့လဲမဟုတ်ပါဘူး ကိုရယ် ဒီလိုပါပဲ ကိုယ်လုပ်ချင်တဲ့အလုပ်ပဲဒီလောက်တော့ရှိမှာပေါ့..အဟင်း.."

ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် Laptop ကိုကြည့်လို့ အပြင်မှာမတွေ့ရပေမဲ့ လေလှိုင်းထဲကနေပဲ အလွမ်းဖြေနေကျပါသည်။

ကောင်မလေးရဲ့ပုံစံကအခုမှ အိပ်ယာကနိုးတဲ့ပုံစံလိုလို အိပ်ယာထဲမှာစောင်နဲ့လုံးနေရှာပါသည် ထိုကောင်မလေးကို တစ်ဖတ်ကချစ်ရည်ရွှန်းလဲ့သောမျက်ဝန်းများဖြင့်ကြည့်နေသူမှာ ထိုက်စံ။

တစ်ဖတ်ကကောင်မလေးက သူ၏ချစ်သူ ဆူဇံ ရဲစုံထောက်တစ်ဖြစ်လဲ သူရဲ့ချစ်သူ။

"အခုမှနိုးတာလား..ကိုယ်နိုးမိသလိုများဖြစ်သွားလား.."

အဲ့လိုမေးတော့ချက်ချင်းပဲအပြုံးလေးနဲ့တုံပြန်တယ်။

"မဟုတ်ပါဘူးကိုရဲ့ ဇံလေးနိုးနေတာကြာပြီ ဒီမှာ ၈ နာရီတောင်ဖြစ်နေပြီ ဇံမျက်နှာသစ်ပြီးလို့ ကို့ဖုန်းစောင့်နေတာနဲ့အဲ့တာ မှေးခနဲအိပ်ပျော်သွားတာ ကိုရောအလုပ်ကအခုမှပြန်လာတာလား နောက်ကျတယ်နော် အခုအဲ့မှာညရောက်နေပြီမဟုတ်လား.."
"ဟုတ်တယ်လေ ကိုလုပ်စရာလေးတွေရှိလို့မိုးချုပ်သွားတာ ဒါနဲ့ဇံ ဇံမျက်တွင်းတွေညိုနေတယ်နော် အိပ်ရေး၀၀လဲအိပ်ပါဇံရယ် ပြီးတော့ပိန်သွားသလိုပဲ..အစားကောင်းကောင်းမစားဘူးလား.."

သူတို့ချစ်သူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်အကဲခတ်ရင်း တစ်ယောက်လိုအပ်ချက်ကိုနောက်တစ်ယောက်ကထောက်ပြနေကျပါ။

တစ်ယောက်ကလှည့်စိတ်ပူနေတာနဲ့ပဲ တစ်ခါတစ်လေစကားပြောရင် လိုရင်းကိုမရောက်ဖြစ်ကျတဲ့အခါတွေရှိခဲ့ဖူးသည်။

ဒီကြားထဲငြင်းခုံစရာပါလာရင် ကျေနပ်လောက်တဲ့အဖြေမရမချင်း မနားတမ်းစကားထိုင်ပြောနေတဲ့အခါတွေလဲရှိသည်။

"ဇံလေးက အရင်ထဲကပိန်တာပဲကို ပြီးတော့ အခုတလော စာမေးပွဲအတွက်ပြင်ဆင်နေရလို့ညဘက်နောက်ကျမှအိပ်ဖြစ်နေတာ အဲ့တာကြောင့်ပါ.."
"ဒီတစ်ခါစာမေးပွဲပြီးရင် ပြန်လာရတော့မှာမဟုတ်လား ဇံ.."

မြတ်နိုး၍ချစ်ခဲ့သည်-မြတ်​နိုး၍ချစ်​ခဲ့သည်​ [Completed-3]Where stories live. Discover now