"ကိုထိုက်#####"
တစ်မျိုးတော့မထင်စေချင် အဲ့တာ နှိုင်း ခေါ် မေနှိုင်းရဲ့ မနတ်စောစော အသံလေ့ကျင့်ခန်းလုပ်အသံ...ဘာအကြောင်းကြောင့်လဲဆိုတာကတော့..
"ကိုထိုက်...ကိုထိုက်စံ...ထိုက်စံ ဆိုတဲ့အကို အခုချက်ချင်းဧည့်ခန်းထဲကို လာနော် မလာရင် အိမ်ရှေ့က Prado တစ်စစီဖြစ်ကုန်မယ်..."
Prado ဆိုတဲ့အသံကြားတော့မှ မီးဖိုချောင်ထဲမှာပုန်းနေတဲ့ ထိုက်စံဆိုတဲ့တစ်ယောက် မျက်နှာအဖြီးသားနဲ့ထွက်လာခဲ့တာ...
"ဟီးဟီး...နှိုင်း...ဟဲဟဲ...ကိုကိုလာပါပြီ နှိုင်းရယ်...နှိုင်းလေး ဘာဖြစ်နေတာလဲ ကိုကို့ ကိုပြော..."
ယောက်ျားအရင့်အမာကြီးဖြစ်ပြီး ချွဲနွဲ့နေတာ တစ်ခြားသူတော့မဟုတ်ပါ မေနှိုင်း ရဲ့အကို ထိုက်စံ ပဲဖြစ်ပါတယ်...
မျက်နှာပေါ်ပျားရည်နဲ့သကြားရည်လောင်းထားသလား ထင်ရအောင် ပါးစပ်ကိုနားရွက်ချိတ်မတက်ဖြီးပြနေကာ ညီမဖြစ်သူအနား ဖြေးဖြေးချင်း လာနေရပါတယ်...
ဖြေးဖြေးပဲလာမှာပေါ့ ညီမဖြစ်သူရဲ့လက်ထဲမှာလဲ နံပါတ်တုတ်လေးနဲ့ကို တိုက်ကွမ်ဒို ခါးပတ်နတ် ကရာဒေး ခါးပတ်နတ်ရ ညီမဖြစ်သူရဲ့ လက်စလက်နကိုသိနေတော့လဲ သူ့အပြစ်ကိုပြေလို့ပြေငြား အချိုတွေလိမ့်ပိတ်ကြွေးနေတာပါ...
ထိုက်စံနဲ့မေနှိုင်းဆိုတဲ့ မောင်နှမနှစ်ယောက်ကမတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကျတဲ့ မောင်နှမတွေပါ အသက်က လေးနှစ်လောက် ကွာသော်လဲ အကြီးအငယ်မခွဲပဲ လည်ပင်း ဖတ်ပေါင်းနေကျတာ...
အရှင်းဆုံးပြောရရင် ထိုက်စံက ၂၆ မေနှိုင်းက ၂၂...အမေဖြစ်သူက မီးတွင်းထဲမှာ မေနှိုင်းကိုမွေးရင်းအသက်ပါသွားတဲ့အတွက် အဖေဖြစ်သူကော အကိုလုပ်သူပါ တစ်ဦးတည်းသောသမီး တစ်ဦးတည်းသော ညီမလေးကို လိုလေးသေးမရှိစိတ်မညစ်စေပဲ ရွှေလိုဥကာပိုးမွှေးသလို မွှေးခဲ့ပါသော်လဲ
မိန်းခလေး,ပီိပီိငယ်ငယ်ထဲကတစ်ဆက်ကလေးမှမနေ ၀တ်လိုက်ရင်လဲဘောင်းဘီ တီရှပ် တောထဲကမထွက်...
YOU ARE READING
မြတ်နိုး၍ချစ်ခဲ့သည်-မြတ်နိုး၍ချစ်ခဲ့သည် [Completed-3]
RomanceG x G (OC) ~Drama x Romance x Comedy~ About - Past in the Future