မနတ်အိပ်ယာနိုးထဲက မေနှိုင်းတစ်ယောက် size ပြည့်ဂိုက်ပြည့်နဲ့ တိမ်လွှာနဲ့တွေ့ရမည့်အဖို့သေချာပြင်ဆင်နေပါသည်။
"အငယ်မ...နင်ဘာဖြစ်နေတာလဲ ဒီနေ့အစောကြီးနိုးနေလို့ပါလား ပြီးတော့ နင်ရေမွှေးသုံးထားတာလား မွန်ထူနေတာပဲ"
ပြောလဲပြောချင်စရာပါပဲလေ ပုံမှန်မေနှိုင်းအိပ်ယာထချိန်က အခုလိုမနတ်စောစောစီးစီးမှမဟုတ်တာ ပုံမှန်ဆို နှိုင်းအဖို့ ရေမွှေးမသုံးတက်ပေမဲ့ ဒီနေ့သူ့မမနဲ့တွေ့ရမှာမို့ ရေမွှေးဆွတ်ထားခြင်းကို အကိုဖြစ်သူကစနေပါတော့သည်။
ပါးစပ်ကနှားရွက် ချိန်မတက်ပြုံးဖြဲနေပြီး အကိုကစနေတာတောင် အပြုံးမပျက်တဲ့မေနှိုင်းရယ်ပါ။
"ဟီး...မွှေးတယ်မလား...ဒါအထူးစပယ်ရှယ်ရေမွှေးလေ ဒီနေ့မမ နဲ့တွေ့ရမှာမို့ အစောကြီးနိုးနေတာ ဟဲဟဲ"
သူ့ညီမက တိမ်လွှာနဲ့ပတ်သက်ရင်ရူးနေတယ်လို့ပြောရမလား တစ်ကိုယ်လုံးရေမွှေးကန်ထဲပြုတ်ကျထားသလိုမွှန်ထူနေတာတောင် ဘယ်လိုမှမဖြစ်တဲ့ပုံစံဆိုတော့...အဟက်..ပျော်ပါညီမလေးရယ် ညီမလေးအဲ့လိုစိတ်ချမ်းသာနေရင် ဒီကအကိုကဝမ်းသာလွန်းလို့ပါ။
"ဟုတ်ပါပြီတွေ့တာလဲတွေ့ပါ ဒါပေမဲ့နောက်နေ့ကျရင်တော့ငါ့ကို အကျိုးအကြောင်းလေးလာပြောပါအုန်း ကိုထိုက် နင်တို့နှစ်ယောက်ရဲ့ ဇာက်လမ်းကိုစိတ်ဝင်စားလို့"
မနတ်ဆာစားတာတောင် ပြုံးပျော်နေတဲ့ညီမလေးကိုကြည့်ပြီး ဖြစ်နေတဲ့အတွေးကတစ်ခုပဲရှိတယ် သူတို့နှစ်ယောက်အဆင်ပြေပါစေပေါ့ ညကျရင်ဆူဇံရှိကိုစာပို့ထားအုန်းမှပါတိမ်လွှာပြောင်းလဲလာတယ်ဆိုတဲ့ အကြောင်း။
နှိုင်းသူ့ကားနဲ့ပဲ တိမ်လွှာသို့အိမ်ကိုထွက်လာခဲ့ပါတော့တယ် သူမတို့နှစ်ယောက်မနေ့ညက အချိန်းအချက်လုပ်ဖြစ်တယ်လေ တိမ်လွှာ့ကိုနှိုင်းကလာခေါ်ဖို့။
တိမ်လွှာ့အိမ်ရှေ့ရောက်တော့နှိုင်းဖုန်းဆက်လိုက်ပါသည် သူတို့နေတဲ့လမ်းထဲကိုရောက်နေပြီဖြစ်ကြောင်း။
"ခလေး...အိမ်ကိုလာခဲ့လိုက်လေ ဘာလို့လဲကြောက်လို့လား မနေ့ညက IG မှာဘယ်ခလေးမလေးကပါလိမ့် အိမ်ကိုရောက်အောင်လာမယ်ပြောတာ"
YOU ARE READING
မြတ်နိုး၍ချစ်ခဲ့သည်-မြတ်နိုး၍ချစ်ခဲ့သည် [Completed-3]
RomanceG x G (OC) ~Drama x Romance x Comedy~ About - Past in the Future