1

20K 536 19
                                    

*Only for you - Season2

....

Unicode

"ဒယ်ဒီ Single fatherဆိုတာက ဘာလဲဟင်?"

Boraလေးက အသက် ၇ နှစ်ခန့်ရှိပြီဖြစ်ကာ Englishစကားကို အတော်လေး ပြောတတ်၊နားလည်တတ်နေပြီ ဖြစ်သော်လည်း တစ်ချို့စကားလုံးလေးများကိုတော့ သူမသိ။

အခုက Boraလေးနဲ့ Jungkookက ပီယာနိုသင်တန်းကနေ အိမ်ကို ပြန်နေသည့် လမ်းမှာပင်။

Boraလေးက ပီယာနိုကို စိတ်ဝင်စားတဲ့ ကလေးမို့ ကျောင်းဆင်းသည်နှင့် ပီယာနိုသင်တန်းသို့ သွားရသည်။

ကျောင်းက ဆင်းသည်နှင့် ဒရိုက်ဘာဦးလေးကြီးက လာကြိုကာ သင်တန်းသို့ ပို့ပေးသည်။ သင်တန်းက အပြန်ကိုတော့ Jungkookက သူရုံးဆင်းရင်း တစ်ခါထဲ သူ့သမီးလေးကို ဝင်ကြိုတာပင်။

အရင်က Jungkookအိမ်၌ ဒရိုက်ဘာ တစ်ယောက်၊ ကားတစ်စီးပဲ ဖြစ်သော်လည်း Tae Hyungတို့ သားအဖရောက်လာပြီးသည့်နောက်မှာတော့ ဒရိုက်ဘာကို သူ့အတွက်မသုံးတော့ပဲ ကိုယ်တိုင်ပဲ မောင်းသည်။

ကားကိုလည်း အဟောင်းကို ဆက်မသုံးပဲ အသစ်နှစ်စီးဝယ်လိုက်သည်။

"Single ဆိုတာက တစ်ခု၊တစ်ယောက်ထဲ ဆိုတာမှန်းတော့ Bora သိပေမယ့် Single Fatherက ဘာ‌မှန်းမသိဘူးဖြစ်နေတယ်"

သူ့ဘေးခုံမှာ ထိုင်နေသည့် ကျစ်ဆံမြီးနှစ်ဖက်နှင့် ချစ်ဖို့ကောင်းလွန်းသည့် သမီးလေးကို ကြည့်ရင်း သဘောတကျပြုံးသည်။ ထို့နောက်မှ

"Bora‌လေးပြောသလို Singleက တစ်ခုဆိုတာမှန်တယ်။ မိဘဆိုတာကလည်း နှစ်ယောက်ရှိရတာလေ။ အဲ့လိုပဲ နှစ်ယောက်မရှိပဲ တစ်ယောက်ပဲရှိရင် singleနဲ့ တွဲသုံးရော။ Single Fatherဆိုတာက လက်တွဲဖော် အိမ်ထောင်ဖက်မရှိတဲ့ ကလေးအဖေကို ပြောတာ။အဲ့လိုပဲ single motherလည်း ရှိတယ်"

"အော် ဟုတ်ကဲ့"

Boraလေးက သဘောပေါက်သွားဟန်၊ နားလည်သွားဟန်ဖြင့် ကျစ်ဆံမြီးနှစ်ဖက်ကျစ်ထားသည့် သူ့ခေါင်းလုံးလုံးလေးကို တစ်ဖြည်းဖြည်းချင်း တဆတ်ဆတ် ငြိမ့်သည်။

"ဒါနဲ့ Boraလေးက အဲ့အသုံးအနှုန်းကို ဘယ်က သိခဲ့တာလဲ?"

"Boraရဲ့ ပီယာနို တီချယ်ကေတီက ပြောတာပါ။ Boraလေးရဲ့ ဒယ်ဒီက တော်တော်ကြည့်ကောင်းတယ်နော်တဲ့။ Single Fatherလားတဲ့လေ"

Together With You [ Completed ]Where stories live. Discover now