Unicode
" ကိုပဲများလေး..မပြီးသေးဘူးလား? "
မှန်ရှေ့၌ တသသနှင့် မခွဲနိုင်၊မခွာနိုင်ဖြစ်နေသော ဂျေဂျေလေးအား Tae Hyung က စိတ်မရှည်သလို အမေးထုတ်၏။
ဒီနေ့က ဂျေဂျေလေး ကျောင်းစတက်မည့်ရက်ဖြစ်သည်။စိတ်လှုပ်ရှားနေသည့် ဂျေဂျေလေးက အလှကြိုက်လွန်းသည့်အခံကြောင့် မှန်ရှေ့မှ မခွာနိုင်တော့။
ဂျေဂျေလေး၏ ငှက်သိုက်လေးကဲ့သို့ အုပ်အုပ်ဖွာဖွာနှင့် လိမ်ကောက်နေသော ဆံပင်ညိုညိုခွေခွေလေးများကို Tae Hyung က အသေအချာ ဖြီးသင်ပေးပြီးပြီဖြစ်ပါသော်လည်း ကိုပဲများလေးက အလိုမကျနိုင်ပဲ ကိုယ်တိုင် ဘီးကိုင်၍ ဘေးခွဲလိုက်၊ အလည်ခွဲလိုက် လုပ်နေသည်ကြောင့် Tae Hyung စိတ်မရှည်တော့။
Tae Hyung စိတ်မရှည်တော့မှန်း သိလေတော့ ဂျေဂျေလေးက သူ့ပါးပါး ဖြီးပေးထားတဲ့ အတိုင်း ဆံပင်လေးကို ခပ်မြန်မြန် ပြန်ပြင်ဖြီးလိုက်ပြီး
" ပြီးပါပြီ..ပါးပါးကလည်း..နည်းနည်းပါးပါးလေး စိတ်ရှည်ပါဦး "
ဂျေဂျေလေးက ၅နှစ်သားလေးဖြစ်နေပြီမို့ စကားပီနေပြီဖြစ်သော်လည်း ချစ်စဖွယ် ကလေးအသံလေးတော့ ရေးတေးတေး ကပ်ပါနေဆဲ။
" နည်းနည်းပါးပါးက စိတ်ရှည်ပြီးပြီလေ..အခုက နည်းနည်းပါးပါးအဆင့်မှ မဟုတ်တော့တာ။ အောက်မှာ ဒယ်ဒီလည်း ထိုင်စောင့်နေပြီလေ "
" ဟင်? ဒယ်ဒီစောင့်နေပြီလား? ဒါဆို သွားကြမယ် ပါးပါး...ဒယ်ဒီက ပြောထားတယ်.. တစ်ဖက်သားကို စောင့်ရအောင်လုပ်ပြီး အချိန်မလေးစားတဲ့လူက လူညံ့ပဲတဲ့။ ဂျေဂျေ လူညံ့မဖြစ်ချင်ဘူး..မြန်မြန်သွားကြမယ်နော် ပါးပါး "
ချက်ချင်းပင် ပြာယာခတ်သွားတဲ့ သားငယ်လေးကို ကြည့်ပြီး ကိုယ် တိတ်တိတ်လေး ကြိတ်ပြုံးမိ၏။ တကယ်တော့ အိမ်ကနေ စထွက်ရမယ့် အချိန်က လိုသေးတယ်။ မောင်ကလည်း ထိုင်စောင့်နေတာ မဟုတ်သေး။ ဒါပေမယ့်လည်း ကိုပဲများလေးကို ပညာပေးချင်လို့ မုသားသုံးမိလိုက်ခြင်း။
အဲ့လိုမှမဟုတ်ရင် ကိုပဲများလေးက ပဲများနေတာ မပြီးနိုင်မစီးနိုင်။ ဆံပင်ကို ခနခန ပြန်ဖြီးလည်း နောက်ဆုံးပိတ်ကတော့ ဘုတ်သိုက်ခပ်အုပ်အုပ်လေးသာ။
YOU ARE READING
Together With You [ Completed ]
FanfictionOnly for you [Season-2] Start-22.10.2022 End- 19.4.2024