Unicode
" အသက်! အိပ်ပျော်သွားပြီလားဟင်? "
လှဲအိပ်နေသည့်အသက်ကို နောက်ကျောကနေ သိုင်းဖက်ထားသည်မို့ ဂုတ်ပိုးနုနုလေးကို တစ်ချက်ဖိကပ်နမ်းလိုက်ပြီး အမေးထုတ်လိုက်မိသည်။
" မအိပ်သေးဘူး မောင်..ပြောလေ.. မောင်ဘာပြောမလို့လဲ "
ကျောပေးထားရာမှ အသက်က မျက်နှာချင်းဆိုင် လှည့်လာသည်။
" လာမယ့်အပတ် တနင်္ဂနွေနေ့မှာ မောင် ပွဲတစ်ခုတက်စရာရှိတယ်။ မောင့်companyက ရင်းနှီးမြှုပ်နှံထားတဲ့ projectတစ်ခုအောင်မြင်သွားလို့ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲ။ ပါတနာနဲ့ အတူတူတက်ရမှာ။ အသက် လိုက်ချင်သလားဟင်? "
" မောင်ငါ့ကို လိုက်စေချင်လား? "
အသက်ရဲ့ အသံလေးက ခပ်တိုးတိုး။
" လိုက်စေချင်တာပေါ့။ အမြဲလိုက်စေချင်တာ။ အသက်ကသာ အကြောင်းအမျိူးမျိူးပြပြီး မောင့်ကိုငြင်းပစ်တာလေ "
အသက်က ထိုကဲ့သို့ ပွဲမျိူးတွေကို လိုက်လေ့မရှိပါ။ "ဂျေဂျေလေးနဲ့ ရှိနေရမှာ " တို့၊ " Boraလေးအတွက် တစ်ခုခုချက်ပေးချင်လို့" တို့ စသဖြင့် အကြောင်းပြတတ်သည်။
ပွဲသို့သာ မလိုက်သော်လည်း ပွဲမှ ပြန်လာသည်အထိ ဧည့်ခန်းဆိုဖာပေါ်၌ ပုံ့ပုံ့လေး ထိုင်စောင့်နေတတ်သည်။ "မောင် သောက်လာလား" ဟုဆိုကာ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ အနံ့ခံတတ်သေးသည်။
သူ့အကျင့်ကလည်း ထိုကဲ့သို့ပွဲများဆိုလျှင် ဘာမှစားလေ့၊ သောက်လေ့မရှိ။Cheers! လုပ်၍ ဟန်ပြသာ ခွက်တိုက်လေ့ ရှိသော်လည်း အထဲမှ အရည်ကို တစ်စက်မှ မသောက်။
အမှားတကာ့အမှားများထဲတွင် အရက်ကြောင့် မှားသည့်အမှားမျိူးကို သူ အရှုံ့ချဆုံးဖြစ်သည်။ထို့ကြောင့် သူကိုယ်တိုင်လည်း ထိုသို့မမှားရအောင် နေသည်။
ဒါ့အပြင် ထိုသို့သော ပွဲမျိူး၌ လူကုံထံသူဌေးများသာ ဝိုင်းဖွဲ့ကြသည်မို့ အချောင်ထောင်ဖမ်းချင်သည့် အမျိူးသမီးတစ်ချိူ့ကလည်း ပွဲသို့ လှတပတပြင်ဆင်ကာ တတ်ရောက်တတ်သည်။
![](https://img.wattpad.com/cover/323120908-288-k856032.jpg)
YOU ARE READING
Together With You [ Completed ]
FanfictionOnly for you [Season-2] Start-22.10.2022 End- 19.4.2024