Unicode
ရေခဲတမျှ အေးစက်နေသော ဆောင်းရာသီ၏ မနက်ခင်းအချိန် ငါးနာရီခွဲခန့်၌ Jungkook သည် အားကစားဝတ်စုံ အနက်ရောင်ဖြင့် အိမ်ကြီးထဲကနေ အပြင်သို့ ထွက်လာပါသည်။
အဆမတန် စျေးကြီးလွန်းလှသည့် Walking shoesအဖြူရောင်လေးသည် နှင်းမှုန်တို့ဖြင့် ဖြူဝင်းလဲ့ရီနေသည့် လမ်းဖြူးဖြူးပေါ်သို့ ဖိနင်းလျှောက်လှမ်းသွားသည်။
ခြံပြင်သို့ ထွက်လာသည့် Jungkookကို ကြည့်ပြီး ခြံအပြင်၌ အချမ်းဒဏ်ကို နည်းနည်းမျှ မမှုပဲ ရပ်စောင့်နေခဲ့သည့် လူစီသည် သဘောတကျ ပြုံးသည်။
ရိုးရိုးရှင်းရှင်း အားကစားဝတ်စုံနဲ့တောင်မှ ထိုအမျိူးသားသည် လိုက်ဖက်ကြည့်ကောင်းနေပြန်ပြီ ဟု သူမ လှစ်ခနဲ တွေးမိသည်။
Jungkook က မနက်စောစော ထပြေးလေ့ရှိသည်ကို အရင်တစ်နေ့က သူမ သိခဲ့ရသည်။
သူမကိုယ်တိုင်က အိပ်ယာစောစောထလေ့မရှိသော်လည်း ထိုနေ့က ညလုံးပေါက်စာရေးဖြစ်ရင်း မနက် ငါးနာရီကျော်သွားသည်ဖြစ်ကာ မှန်ပြတင်းပေါက်ကနေ လမ်းပေါ်သို့ လှမ်းကြည့်မိလေတုန်း Jungkook ကို လှမ်းတွေ့ခဲ့တာဖြစ်သည်။
ဒီနေ့မှာတော့ သူမသည် Jungkook နှင့်အတူတူ လိုက်ပြေးနိုင်ရန်အတွက် နှိုးစက်ပေးကာ စောစောထပြီး ဖြီးလိမ်းပြင်ဆင်ဖြစ်သည်။မိတ်ကပ်ပါ လိမ်းလာသည်။
ပြေးရင်းလွှားရင်း ချွေးထွက်လာလျှင် အနံ့ထွက်မည်စိုး၍ ရေမွှေးကိုပါ လှိုင်လှိုင်ဖြန်းလာပါသည်။
မနေ့ကမှ ဝယ်လာသည့် အသားကပ် မိန်းမဝတ်အားကစားဝတ်စုံကို ထုတ်ဝတ်သည်။
ချမ်းအေးလှသော်လည်း ကိုယ်လုံးကိုယ်ဟန် ၊ ကောက်ကြောင်းများ ပေါ်နေစေလိုသဖြင့် ထိုခပ်ပါးပါးဝတ်စုံကိုသာ ရွေးထားဖြစ်သည်။
ထိုသို့ အပင်ပန်းခံမှသာ ထိုအမျိူးသား၏ အမြင်၌ သူမက လှပကြော့ရှင်းနေမည်မဟုတ်ပါလား?
"Jungkook "
သူမ လှမ်းခေါ်လိုက်သဖြင့် လှည့်ကြည့်လာသည့် Jungkook၏ အေးစက်နေသော မျက်လုံးများသည် ဆောင်းရာသီ၏ အချမ်းဓာတ်ထက်တောင် ပိုကဲ၍ အေးစက်နေသလိုပင်။
YOU ARE READING
Together With You [ Completed ]
FanfictionOnly for you [Season-2] Start-22.10.2022 End- 19.4.2024