Unicode
"Jeon Jungkook ဆိုတဲ့ နာမည်နဲ့ လူကြီးမင်းက ဒီပစ္စည်းတွေ ပို့ခိုင်းလိုက်လို့ပါခင်ဗျ"
ဟိုတယ်က ဝန်ထမ်းကောင်လေး ကမ်းပေးလာသည့် ခပ်ကြီးကြီး လက်ဆွဲအိတ်လေးကို ခပ်ဖြည်းဖြည်း ဆွဲယူလိုက်မိပါသည်။
"ကျေးဇူးတင်ပါတယ်နော်"
ကိုယ့်စကားကြောင့် ကောင်လေးက ရည်မွန်စွာ ပြုံးပြလာပြီး
"ရပါတယ်ခင်ဗျ..ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ် လူကြီးမင်း"
ခေါင်းကိုသာ တစ်ချက် ငြိမ့်ပြမိလိုက်သည်။ 'လူကြီးမင်း' ဆိုတဲ့ အသုံးအနှုန်းက ကိုယ်နဲ့စိမ်းလှသည်မို့ အလွန်အမင်း အို့တို့အန်းတန်းနိုင်လွန်းလှသည်။
လက်ထဲက လက်ဆွဲအိတ်အဖြူလေးကို စားပွဲပေါ်သို့ တင်လိုက်မိသည်။
ထို့နောက် အထဲမှ ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်လေတော့ လေးထောင့်ပုံ စက္ကူဘူး ရှည်ရှည်ဖြစ်သည်။ဖွင့်ကြည့်လိုက်လေတော့ ဖြူဖွေးနေသည့် suitအဖြူတစ်စုံဖြစ်နေသည်။
နောက်ထပ်စက္ကူဘူးတစ်ဘူးကတော့ ဖိနပ်ဘူးဖြစ်ဟန်တူသည်။ ဖွင့်ကြည့်လိုက်လေတော့ ပြောင်လက်နေသည့် အနက်ရောင်ရှူးဖိနပ်။ခြေအိတ်အနက်လေးပါ တွဲလျက်ပါသေးသည်။
မောင်က ဒါတွေကို ဘာလို့များ ပို့လိုက်ပါလိမ့်။
အိတ်ထဲ၌ အဖြူရောင် စာတစ်စောင်ပါ ပါသေးသည်။
*ဒါတွေကို ဝတ်ပြီး ပြင်ဆင်ထားနော် အသက်။ မောင် ည ၈နာရီလောက် လာခေါ်မယ်။
အသက်ကို သိပ်ချစ်တဲ့
မောင် *မောင်လက်ရေးလှလှ ညီညီလေးနှင့် ဤ စာတိုလေးက ကိုယ့်ရင်ကို သိမ့်ခနဲ ခုန်မြည်စေ၏။'အသက်ကို သိပ်ချစ်တဲ့....မောင်' ဆိုသည့်နေရာကို ထပ်ခါထပ်ခါ ဖတ်ရင်း အဖန်ဖန် ပြုံးမိသည်။
ထို့နောက် စာရွက်လေးကို မြတ်နိုးစွာပဲ ပိုက်ဆံအိတ်ထဲ ခေါက်ထည့်သိမ်းဆည်းထားလိုက်ပါသည်။
မောင်က ညနေစောင်းကထဲက 'အလုပ်ကိစ္စရှိလို့'ဆိုကာ အပြင်ထွက်သွားခဲ့ပါသည်။
YOU ARE READING
Together With You [ Completed ]
FanficOnly for you [Season-2] Start-22.10.2022 End- 19.4.2024