24

5K 258 65
                                    

Unicode

"အကိုလေး Jeon...နိုမီ့ကို ခေါ်လို့ဆို?"

Jungkook က ဖတ်လတ်စ စာအုပ်ကို ပိတ်လိုက်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူ့မျက်နှာချင်းဆိုင်ရှိ ခုံကို ညွှန်ပြပြီး

"ထိုင်ပါဦး...ကိုယ်မင်းနဲ့ စကားတစ်ချို့ပြောချင်လို့"

နိုမီက မတုန့်မဆိုင်း ဝင်ထိုင်ပစ်လိုက်ပြီး

"ဟုတ်ကဲ့ ပြောပါရှင့်"

"မင်း ကိုယ့်အမျိူးသားကို သဘောကျနေတယ်မဟုတ်လား?"

ကောင်မလေးက ထိတ်ထိတ်ပျာပျာ ဖြစ်သွားသော်လည်း အမူအရာကို အလျင်အမြန် အဖတ်ဆယ်လိုက်ပြီး

"မဟုတ်ပါဘူး...အကိုလေးJeon အထင်မှားနေတာပါ"

Jungkook က ဟက်ခနဲရယ်သည်။ ထိုရယ်သံနောက် နိုမီ့၏ နှလုံးသားတစ်ခုလုံး ရုတ်ခြည်း လွင့်ပါသွားသလိုပင်။

"ကိုယ်က လူကဲခတ်သိပ်တော်တာ နိုမီ...ကိုယ့်ကို လိမ်ဖို့မကြိုးစားနဲ့! Tae Hyung က ရိုးစင်းလွန်းတော့ မင်းရဲ့ အကြည့်တွေကို ဘာသာပြန်တတ်မှာ မဟုတ်ပေမယ့် ကိုယ်ကတော့ ကောင်းကောင်းသိတယ်"

"နိုမီ တောင်းပန်ပါတယ်"

"ဘာအတွက်လဲ?"

"အကိုလေး Tae ကို သဘောကျမိတဲ့အတွက်ပါ။ စတွေ့ကထဲက သဘောကျမိခဲ့တာ။ တကယ်ဆို အကိုလေး Tae က နိုမီ့အချစ်ဦးပါ"

"အိုး! ကိုယ့်အချစ်ဦးကလည်း Tae Hyung ပဲလေ။ ကိုယ် ဦးဦးဖျားဖျား ချစ်မိတဲ့လူ။ ဒါပေမယ့် နိုမီသိရဲ့လား? အချစ်ဦးကို ပိုင်ဆိုင်နိုင်တာက ၁၀၀မှာ ၁ ယောက်ပဲ ရှိတာ။ ကိုယ်က ၁၀၀ ထဲက တစ်ယောက်ဖြစ်ပြီး နိုမီကတော့ ၉၉ယောက်ထဲကပဲဖြစ်မယ်"

နိုမီ့ခေါင်းလေးက ငုံ့ကျသွားပြီး မျက်နှာက နွမ်းလျညှိုးငယ်စွာ။
မပိုင်ဆိုင်နိုင်မှန်း သိသော်လည်း ယခုလို အတိအလင်း နှိုင်းယှဥ်ပြောလာသည့်အခါ သူမရဲ့ရင်တစ်ခုလုံး စိတ်မွှာကွဲကြေသွားသလို။

ထို့နောက် မရဲတရဲ၊ မပွင့်တပွင့် ထွက်လာသည့် သူမ၏ အသံတိုးတိုး။

"နိုမီ အကိုလေးTaeကို ပိုင်ဆိုင်ဖို့ မကြိုးစားပါဘူး။ ဒီအတိုင်း ငေးကြည့်နေရလည်းဖြစ်ပါတယ်"

Together With You [ Completed ]Where stories live. Discover now