4

6.6K 303 20
                                    

Unicode

မောင်ခေါ်သွားသည့် ရေခဲစကိတ်ကွင်းက မိုးလုံလေလုံ ခန်းမကြီးတစ်ခု ဖြစ်သည်။ ခန်းမကြီးက အတော်လေးကျယ်ကာ တံခါးပေါက်ကြီး သုံးပေါက်ရှိသည်။

အထဲသို့ ဝင်လာပြီးသည်နှင့် မောင်က တံခါးကို ဂျက်ချပိတ်ပစ်လိုက်သည်။

"အသက် ခနလေးနော် ဒီမှာပဲ စောင့်နေ.. မောင်တံခါးတွေ လိုက်ပိတ်လိုက်ဦးမယ်"

"ဟုတ်ကဲ့"

မောင်က တစ်ချက်ပြုံးပြပြီးနောက် ကိုယ့်ဆံပင်တွေကို ဆွဲဖွသည်။ထို့နောက် ခပ်မြန်မြန်လေး လျှောက်ကာ ပိတ်ဖို့ကျန်နေသည့် တံခါးကြီးနှစ်ပေါက်ကို သွားပိတ်သည်။

ဒီနေ့က ပိတ်ရက်ဖြစ်သော်လည်း ဒီနေရာ၌ လူတစ်ယောက်မျှမရှိ။

ခန်းမကြီး၏ အလယ်တည့်တည့်မှာတော့ စကိတ်စီးရန်အတွက် ရေခဲပြင်အကျယ်ကြီးရှိသည်။ ကွင်းအပြင်မှာက ထိုင်စောင့်ရန်၊ကြည့်ရန် ခုံ‌တန်းလေးတွေ သုံး လေးတန်းလောက်ပါသည်။

ဒီလိုနေရာကို အခုမှ ပထမဆုံးရောက်ဖူးတာဖြစ်သည်။မောင်က တံခါးတွေ ပိတ်ပြီး အနားသို့ ပြန်ရောက်လာသည်နှင့် နှုတ်ခမ်းကို ဖျက်ခနဲ နမ်းလာသည်။

လူမိသွားမလားလို့ တွေးမိရင်းကနေ လူတစ်ယောက်မှ မရှိသည်ကို ပြန်လည်သတိရသွားသဖြင့်

"မောင်! ဘာလို့ ဒီမှာ လူတစ်ယောက်မှ မရှိတာလဲဟင်?"

"မောင်က ဒီနေရာကို တစ်နေ့လုံးစာ ငှားထားတာမို့လေ"

"ဟင်! တစ်နေ့လုံးစာ နာရီပိုင်းတောင် မဟုတ်ပဲ တစ်နေ့လုံး?"

"အင်း"

သူကသာ အံ့ဩလွန်းပြီး ပြူးတူးပြဲတဲတွေ ဖြစ်နေပေမယ့် မောင်ကတော့ လက်ပိုက်ထားပြီး သူ့ကို အေးအေးဆေးဆေး စူးစိုက်ကြည့်နေသည်။

ဒီအကြည့်တွေကို ရင်မခုန်နိုင်သေးဘူး၊ ပိုက်ဆံကို အပိုဖြုန်းပစ်သည့်ကိစ္စကို ပြောရဦးမည်။ တခြားကိစ္စအတွက်ဆို ထားပါ၊ သူတစ်ယောက်ထဲအတွက် အဲ့လိုသုံးပစ်လိုက်တာမျိူးကိုတော့ တကယ်နှမြောသည်။

အမှန်ဆို မောင်ခေါ်သွားနေကျ ဆံပင်ညှပ်ဆိုင်ကလည်း ဆံပင်လေးငုတ်တိုလေးညှပ်တာတောင် ဈေးက အဆမတန်ပင်။

Together With You [ Completed ]Where stories live. Discover now