Unicode
Christmas Treeတွင် အလှဆင်ပစ္စည်းများဝယ်ရန်အတွက် မောင်ရယ်၊သမီးလေးရယ်နဲ့အတူ Christmas ပစ္စည်းအရောင်းဆိုင်သို့ သွားနေသည့်လမ်းမှာပင်။
အပြင်သို့ ဝှေ့ဝဲကြည့်မိလိုက်လေတော့ ခပ်ဖွဲဖွဲကျနေသည့် နှင်းစက်နှင်းမှူန်တို့နှင့်အတူ လျှောက်လှမ်းသွားလာနေသည့် လူအများအပြား။
လမ်းဘေး ပလက်ဖောင်းပေါ်၌ ပန်းအိုးဖြင့် အလှစိုက်ထားသည့် အပင်လေးများပေါ်၌လည်း နှင်းခဲတို့ တစုတဝေး ကပ်တင်နေတော့သည်။
ခရစ္စမတ်ပစ္စည်းများရောင်းသည့် လမ်းဘေးဆိုင်သေးသေးလေးများလည်း ရှိသည်။ဘယ်နေရာကြည့်ကြည့် အနီရောင်နှင့်အဖြူရောင်များကိုသာ ပေါပေါသီသီ တလှိုင်လှိုင်တွေ့ရ၏။
အပြင်အနေအထားကို ကြည့်ရှုပြီးနောက် ကားထဲသို့ ပြန်လည်ကြည့်မိလေတော့ ဘေးမှာ ကားမောင်းနေသည့်မောင်ရယ်၊ အနောက်ခန်းက သမီးလေးရယ်။
မောင်က ဝတ်နေကျအတိုင်း အနက်ရောင်ကုတ်အင်္ကျီအရှည်သာ ဝတ်ထားသည်။သို့သော်လည်း ဒီအင်္ကျီက မနေ့ကမှ ဝယ်လာသည့် အင်္ကျီ။
ထိုအင်္ကျီရဲ့ တန်ဖိုးက ဖုန်းနံပါတ်များလို ရှည်လျားနေသည်ကို တွေးမိလေတော့ နှမြောလှသဖြင့် ကျောကပါ တွန့်ခနဲ။
အရှက်လုံရင် တော်ပြီပေါ့။ အင်္ကျီတစ်ထည်ကို အဲ့လောက်အထိပေးဝယ်ရတယ်လို့လေ။
မောင်က ထိုအင်္ကျီကို ကိုယ့်အတွက်ပါ တစ်ထည် ဆင်တူဝယ်ပေးထားသော်လည်း ကိုယ်ကတော့ နှမြောလို့ မဝတ်ပဲ သိမ်းထားသည်။
ကားအနောက်ခန်းကို ကြည့်မိလေတော့ နီညိုရောင်ကုတ်အင်္ကျီနဲ့ ချစ်စဖွယ်သမီးလေး။အပြင်ကို စိတ်ဝင်တစားလိုက်ကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းများက မောင်နဲ့တစ်ထေရာထဲ။
သို့သော်လည်း မောင့်ရဲ့မျက်လုံးများထဲတွင်တော့ စူးရှစွဲ့ညှို့ခြင်းတွေက သိမ့်သိမ့်သည်းသည်း ပိုလျှံပါဝင်နေသည်။
"ပစ္စည်းတွေ ဝယ်ပြီးရင် ဘယ်သွားကြဦးမလဲ? Steakသွားစားကြမလား?"

YOU ARE READING
Together With You [ Completed ]
FanfictionOnly for you [Season-2] Start-22.10.2022 End- 19.4.2024